“သွေးလှူရှင်က အံ့သြလို့ ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက်လေးတစ်ခု”

“သွေးလှူရှင်က အံ့သြလို့ ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက်လေးတစ်ခု”ကြည်နူးစရာ ပုံရိပ်တစ်ခု ဤပုံကိုကြည့်ပါ တန်ဖိုး သိသူတိုင်း မြင်နိုင်ပါသည်။

သွေးသည်အသက် အသက်သည်သွေး မိမိအသက်ရှင်ရေးအတွက် လာရောက်လှူဒါန်းပေးသော သွေးလှူရှင်အား လာရောက်ကန်တော့နေသည်မှာ အရွယ်နှင့်မမျှ ကျေးဇူးတရား သိတက်ပုံကို ပြသလိုက်သည်မှာ သွေးလှူရှင် အံ့သြလောက် အောင်ခေါင်းထောင်ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရမည်မှာ မလွဲဧကန်ပါ ဆင်းရဲပေမဲ့ ကျေးဇူးတရား သိတက်လှပေသည်။

သွေးတစက်၏ တန်ဖိုးကို သိတက်သည့် လူဆင်းရဲ၏ မိသားစုက ပေါက်ဖွားလာသော သမီးဖြစ် နိုင်ပါသည်တန်ဖိုးသိမှ တန်ဖိုးရှိနိုင်ပါသည်။ တန်ဖိုးမသိက တန်ဖိုး ဆုံရှုးနိုင်ပါသည်။တချို့သောသူများသည် မိမိအခက်အခဲမိမိအတ္တကိုရှေ့တန်းတင်ကြသည်။

Loading...

တချို့က ငွေဂုဏ်မောက်ပြီး မာန်တက်နေကြသည်။ တချို့က မတူသလို မတန်သလို ဆက်ဆံကြသည်။ တချို့က လိုသုံး လုပ်ကြသည်။ တချို့က မယုံကြည်သလိုနှင့် မေးခွန်းပေါင်းများစွာ မေးကြသည်။

တချို့က ရန်တွေ့ကြသည်။ လူအမျိုးမျိုး ရှိကြသည်။ ကျေးဇူတင်ရကောင်းမှန်း မသိကြပါ။ ဤနေရာ ကျွန်ုပ်သာဆိုလျင် ဝမ်းသာပီတိမျက်ရည်ကျမိမှာ အမှန်ပင်…..ကလေးမိဘများလည်း ဝမ်းသာပီတိမျက်ရည်ကျမိမယ် ထင်ပါသည်။ဒါဟာ ပရဟိတသမားများနှင့် သွေးလှူ ရှင်တို့ ပီတိကိုစား အားရှိပါ၏။သမီးလေး ဘယ်မှာနေ၍ ဘယ်ဆေးရုံတက်နေသည်တော့ မသိပါ…. နာမည်လဲ မသိပါ။

ဤပုံကိုတွေ့၍ တန်ဖိုးမသိတဲ့သူများ သိအောင် သင်ခန်းစာ ယူစေချင်တဲ့ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ပါသည်။ မည်သူကိုမျှ ထိခိုက်စေသောဆန္ဒဖြင့် ရိုးသားစွာ တင်ပြပါသည်။သမီးလေးရဲ့ အသိတရားကို မြင်တွေ့လိုက်ရသည့်အတွက် ကျန်းမာ ချမ်သာပြီး ရောဂါဘယများ ဝေးကွာကင်းစင်ပြီး မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ဦးက ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ပရဟိသမားစစ်သည် ငွေမလိုပါ။

မည်သည့် အရာမျှမလိုပါ…. တန်ဖိုးသိတက်မှုတော့ ရှိစေချင်ကြသည်။တန်ဖိုးသိမှ တန်ဖိုးရှိပါသည်။ တန်ဖိုးမသိလျှင် တန်ဖိုး ဆုံးရှုံးတက်ပါသည်။လူနာ၏ အသက်သည် လူနာရှင်များ၏ လက်ထဲတွင် ရှိကြသည်ကိုတော့သတိလေးရှိစေချင်ပါသည်။သွေးသည်အသက် အသက်သည်သွေးဆိုတဲ့ဆောင်ပုဒ် ရှိပါသည်။ သွေးလှူရှင်များမှာလည်း အသက်ရှိပါသည်။

အတ္တကို ရှေ့တန်းမတင်မိပါစေနှင့်…..။ မွန်မြတ်

Credit Original