ကရင်တိုင်းရင်းသူဖြစ်ပေမယ့် ကရင်ပါတီကို မဲမပေးပဲ NLDကိုမဲပေးခဲ့တဲ့ ကရင်မလေးရဲ့ စိတ်ထား

ကျမ ကရင်တိုင်းရင်းသူပါ

ကျမကို ဘယ်ပါတီမဲပေးလဲ မေးရင် NLDကို မဲပေးတယ်လို့ ဖြေမှာပါ..။ ကရင်က ကရင်လူမျိုးကို မချစ်ဘူးလားမေးရင် ချစ်တာပေါ့..သိပ်ကိုချစ်တာပေါ့..။အမေက ပိုးကရင်စစ်စစ်လေ…။ကရင်မကြီးရဲ့သမီး ကရင်မလေးက..ကရင်လူမျိုးဆို အားကြီးချစ်ပေါ့ ။

ဒါပေမယ့်.. ကရင်ပါတီကိုတော့ မဲမပေးပါဘူး။ဘာဖြစ်လို့လဲဆိုင်ရင် မဲတွေကွဲသွားမှာ စိုးလို့ပါ. ။ ၊

ကရင်ပါတီ နိုင်သွားလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အသေအချာရမယ်ဆိုရင် ကျမ ကိုယ့်လူမျိုးကို မဲပေးဖို့ အဆင်သင့်ပါပဲ ။

လက်ရှိအခြေအနေမှာ…NlD မဲနိုင်ဖို့ တစ်တိုင်းပြည်လုံး အနည်းဆုံး 67%နိုင်မှသာ အစိုးရ ဖွဲလို့ရမဲ့ အခြေနေမို့ပါ၊ အစိုးရဖွဲ့နိုင်တဲ့ပါတီကNLDနဲ့ USDP(၂)ခုအနက်က အစိုးကောင်းကို ရွေးချယ်တာပါဒါကြောင့် nld ကိုမဲပေးခြင်းဖြစ်ပါတယ် ၊

NLDကသာ ဖက်ဒရယ်ဒီမိုကရေစီ အပြည့်ဝယူပေးနိုင်မယ်လို့ ယုံကြည်ထားလို့လေ။

NLD အစိုးရကလဲ တိုင်းရင်းသားတေ တောင်းဆိုထာတာတွေ မလုပ်ပေးတာမဟုတ်ပါဘူး ၊ လုပ်ပေးနေပါတယ် ၊လိုချင်တဲ့စံနှုန်းမရောက်သေးလို့ပါ။ ကြိုးစားနေဆဲပါ အချိန်အတိုင်းအတာ တခုထိတော့ စောင့်ပေးရမှာပါ။

2008ခြေခံဥပဒေ ပြင်ဖို့ဘယ်လောက် ခက်ခဲနေတာလဲ ဆိုတာ တိုင်းရင်းသားတွေအသိပါ။ ၊

ကိုယ့်လူမျိုးကို မဲမပေးတာက အမျိုးမချစ်လို့ မဟုတ်ပါဘူး ၊ မဲကွဲပြီး အာဏာရှင်လက်ထဲပြန်ရောက်သွားမှာကို မလိုလားတာပါ။ ၊

မြန်မာပြည်မှာ အာဏရှင်စနစ်ကို တိုက်ထုတ်နိုင်တာ ပါတီအများကြီတွေထဲမှာ (NLD ပါတီကြီးတခုထဲသာ) တိုက်ထုတ်နိုနေဆဲ ဖြစ်ပါတယ် ၊

ဒါကြောင့် NLDအတွက် တိုင်းရင်သား တစ်ယောက်အနေနဲ့ အားဝင်ဖြည့် ခြင်း ဖြစ်တယ်ဆို နားလည်ပေးကြပါ။

NLD ပါတီဆိုတာလည်း ဗမာတိုင်းရင်သားတွေချည်း ထည့်ရွေးထားတာမဟုတ်ပါဘူး ၊ ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း အစရှိတဲ့ တိုင်းရင်သားပေါင်းစုံနဲ့ ဖွဲ့စည်းထား ပါတယ် ။

သိထားရမှာကNLDပါတီက ကိုတွေအတွက်အဆိုးဆုံးကို မဖန်တည်းဘူးဆိုတာကို ယုံကြည်တယ်။

အခုချိန်မှာအမှား အမှန်ကိုသိရင် ပြင်နိုင်ဖို့ ကျမ တို့ အားလုံးနောက် မကျသေးပါဘူး ၊

အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့ ရွေးချယ်မှုတွေ မမှားကြရအောင် မြေပြင်အနေအထား နဲ့ ပထဝီဝင် အခြေအနေကိုပါ ကွဲကွဲပြားပြားလေ့လာ ပြီးလုပ်သင့်တာကိုလုပ်ကြပါစို့..။

ကျမတို့ဘဝတွေ ကျမတို့အိမ်မက်တွေ ကျမတို့ရဲ့နောင်မျိုးဆက်သစ်တွေရဲ့စစ်မှန်သော ဒီမိုကရေစီ၏အောင်လံခိုင်ရန်NLDကိုမဲပေးပါလို့ အမျိုးချစ်သောစိတ်ဖြင့်တိုက်တွန်းရင်း….

လေးစားလျှက်

Nyo Nyo