လမ်းပေါ်မှာ အောင်ပွဲခံနေတဲ့ လူအုပ်ကြီးအတွက် ကိုဗစ်လူနာ သူနာပြု ဆရာမလေးရဲ့ ရင်ထဲက စိတ်မကောင်း စကား

လမ်းပေါ်မှာ အောင်ပွဲခံနေတဲ့ လူအုပ်ကြီးအတွက် ကိုဗစ်လူနာသူနာပြုဆရာမလေးရဲ့ ရင်ထဲကစကား

ကျွန်မသာ ခုချိန် လူနာအဖြစ်နဲ့ ဆေးရုံပေါ်မှာ ရှိမနေခဲ့ဘူး ဆိုရင်…

Scrub Suit လေးဝတ် ဝန်ထမ်းကတ်လေး အိတ်ထဲထည့်ပြီး

အောင်ပွဲခံနေတဲ့ လူအုပ်ကြီးဆီ ကားတန်းတွေဆီ ..အရောက်သွားမိမှာ သေချာတယ်…

ပြီးရင် ကိုဗစ် ကာလမှာ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေကို သနားဖို့ရယ်…

မနိုင်ဝန်ထမ်းနေရတဲ့ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ထောက်ထားဖို့ရယ်…

ကိုယ့်ကြောင့် ကူးစက်ခံရနိုင်တဲ့ လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ ချစ်ရသူတွေကို ထောက်ထားဖို့ရယ်..

အဲလိုလေးတွေ စဉ်းစားပေးပြီး ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ အောင်ပွဲခံပါလို့..

အားလုံးကို တောင်းပန် နားချ တရားဟောနေမိမယ်ထင်ပါရဲ့….

ဝန်ထမ်းကတ်လေး ထည့်သွားမှာက scrub suit နဲ့လာတာတောင် မင်းက ဘာမို့လဲ လို့

မေးလာရင် ကိုရီယားကားတွေထဲက စုံထောက်ရဲမေတွေလို ကတ်လေး ထုတ်ပြမလို့…

ပြီးတော့ ပြောမရတဲ့အပြင် တုတ်နဲ့ရိုက် ဓားနဲ့ထိုးသွားရင်လည်း ဝန်ထမ်းကတ်လေး ပါတော့

ဘယ်သူမှန်းသိတာပေါ့လေ… ပိုင်ရှင်မဲ့ မဖြစ်နိုင်တော့ဘူး ပေါ့…..

တကယ်ပါ.. ကျွန်မသာ ခုချိန် လူနာအဖြစ်နဲ့ဆေးရုံပေါ်မှာ ရှိမနေခဲ့ဘူး ဆိုရင်ပေါ့လေ…..

လှတင်ရည်ဦး