
မန္တလေးနာမည်ကြီး ပေါက်စီဆိုင်ပိုင်ရှင်ထံတွင် ကိုဗစ်ပိုးတွေ့၊ ထိတွေ့ဝန်ထမ်း ၆၀ ကျော် Q ဝင်ရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပေါက်စီနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မနေ့နို၀င်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ပိုးတွေ့တာက မနေ့ညကပါ၊ ဒီနေ့မှ ၀န်ထမ်း ထိစပ်လူနာ ၆၀ကို ကွာရန်တင်းထားဖို့ခေါ်တာပါ၊ ကျန်တာကတော့ မိသားစု၀င်တွေပါ” လို့ ကွာရန်တင်း ပို့ဆောင်ရာမှာပါ၀င်တဲ့ တာ၀န်ရှိသူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င် တစ်ဦးက ပြောပါတယ်။

ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ပိုးတွေ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာ၀န်ရှိသူတွေက စစ်ဆေးနေဆဲဖြစ်ပြီး ၀န်ထမ်း ၆၀ကိုလည်း မနေ့နို၀င်ဘာ ၁၂ ရက်နေ့ ညပိုင်းက ဟုမ်းကွာရန်တင်းထားရှိကာ ဒီကနေ့ နေ့လယ် ၃နာရီကျော်မှာပဲ ဇီးပင်ကြီးကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ မနေ့ နို၀င်ဘာ ၁၂ ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၇၆၂ ဦး၊ သေဆုံးသူ ၁၇ ဦး ထိရှိပြီ ဖြစ်ပါတယ်။




