ရုရှားကာကွယ်ဆေး ထိုးလျှင် ယမကာ ၂ လ ဖြတ်ထားရမည်ဟုဆို

ရုရှားကာကွယ်ဆေး ထိုးလျှင် ယမကာ ၂ လ ဖြတ်ထားရမည်ဟုဆို

ရုရှားနိုင်ငံထုတ် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးမည်ဆိုပါက ဆးမထိုးမီနှင့် ဆေးထိုးပြီးရက်များတွင်

ယမကာမသောက်သင့်ကြောင်း ရုရှား ကျန်းမာရေးအရာရှိတစ်ဦးက သတိပေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားစားသုံးသူ ကျန်းမာရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အကြီးအကဲအန်နာပိုဗာက ပြီးခဲ့သည့် အဂါင်္နေ့က

သူ့နိုင်ငံသားများကို ရုရှားအမျိုးသားရေဒီယို အစီအစဉ် ကတစ်ဆင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V ထိုးမည်ဆိုပါက ပထမ ဆေးတစ်လုံးမထိုးမီ ရက်သတ္တပတ် ၂ ပတ်

ယမကာမသောက်သင့်ပဲ ထိုးပြီးပါက နောက်ထပ် ၆ ပတ် ယမကာ မသောက်ပါက ကိုယ်ခံစွမ်းအား

တုန့်ပြန်မှု အကောင်းဆုံးရလဒ် ရမယ်ဟု ၄င်းက ပြောဆိုသည်။ ထိုးဆေးကို ဆေးပတ်လည်ရန် ၂ ကြိမ်

ထိုးနှံရမည်ဖြစ်ပြီး ပထမ တစ်လုံးထိုးပြီး ၂၁ ရက်အကြာ နောက်တစ်လုံးထပ်ထိုးရမည် ဖြစ်သည်။

“ငါ လက်ခံထားကတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးထက် ပွဲလမ်းသဘင်တွေမှာ ယမကာမသောက်ပဲ

ပွဲတက်နေရလို့ စိတ်ဖိစီးတာက ပိုဆိုးပါသေးတယ်” ဟု မော်စကိုတွင်နေထိုင်သူ အယ်လီနာကရဗီဗင်က

ရိုက်တာ သို့ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားသည်။

သို့သော် အန်နာပိုဗာ၏ အကြံပေးချက်သည် ပိုလွန်းပါကြောင်း ရုရှားနှင့်အမေရိကန် ကာကွယ်ဆေးကျွမ်းကျင်သူများက

ပြောသည်။ ရုရှားကာကွယ်ဆေး ထုတ်လုပ်သူ အလက်ဇန်းဒါးက ကာကွယ်ဆေး Sputnik V သည်

ရှန်ပိန်တစ်ခွက်လောက်နဲ့တော့ ထိခိုက်မှာ မဟုတ်မှာပါဘူးဟု ရေးသားခဲ့သည်။

အလက်ဇန်းဒါးက “ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထိုးပြီး ၃ ရက်လောက်တော့ ယမကာမသောက်သင့်ပါဘူး”

နောက်ထပ် စာတစ်စောင် တွစ်တာတွင် ရေးသားပြန်သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အမှုဆောင်ဒါရိုက်တာ ဝီလျံမော့စ်ကမူ ဖော်ပြပါ အကြောင်းပြချက်များအတွက်

အချက်အလက်များ မရှိပါဘူးဟု ဆိုပြန်သည်။

“ကာကွယ်ဆေးထိုးပြီးရက် နည်းနည်းကြာတာနဲ့ ဘီယာလေး၊ ၀ိုင်လေး တစ်ခွက်လောက် သောက်လိုက်မယ်ဆိုရင်

ကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ တုန့်ပြန်အားကို အနှောက်အယှက်ပေးမယ်ဆိုတဲ့ အချက်ကတေ

ာ့ သက်သေအထောက်အထား မတွေ့ပါဘူး၊ ဒီအချက်ကို ဒီလိုပြင်းပြင်းထန်ထန် ဖော်ပြလိုက်တော့ ပြည်သူအနေနဲ့

ကျန်းမာရေး ပိုဆိုးသွားမယ်” ဟု အမှုဆောင် မော့စ်က ဆက်လက်ပြောဆိုသည်။

ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ၏ အဆိုအရ အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် ယမကာ

၈ ခွက် နှင့်အထက်၊ အမျိုးသားသည် ၁၅ ခွက် နှင့်အထက် သောက်ပါက ကိုယ်ခန္ဓာကို ထိခိုက်စေပြီး

နာတာရှည်ရောဂါနှင့် ယမကာ အလွန်အမင်း စွဲလမ်းခြင်းများ ဖြစ်စေနိုင်သည်ဟု မော်စ့်က ပြောသည်။

သုတေသန တွေ့ရှိချက်အရ ယမကာသောက်ခြင်းသည် အူလမ်းကြောင်းကို သက်ရောက်မှုရှိသည်။

ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများကို ရှေ့တန်းမှကာကွယ်ပေးသည့် အူထဲရှိ

ကိုယ်ခံအား မြင့်တက်စေသည့် အင်မျူးဆဲလ်များကို ယမကာက ဖျက်ဆီးနိုင်သည်။

အခြားသုတေသန တွေ့ရှိချက်တစ်ခုမှာ ယမကာအလွန်အမင်း သောက်ခြင်းသည် ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်သည့်

ကိုယ်ခံအားကောင်းစေမည့် သွေးဖြူဥများကို နာရီပိုင်းအတွင်း ကုန်ခမ်းစေသည်ဟု ဖော်ပြထားသည်။

“ကပ်ရောဂါကာလအတွင်း ကိုယ်ခံအားကောင်းဖို့ အရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် ယမကာ

မသောက်ခြင်းသာ အကောင်းဆုံးဟု ပညာရှိစွာဖြင့်အကြောင်းပြခြင်းဖြစ်သည်၊ “တကယ်တေ့ာ သုတေသန

တွေ့ရှိချက်က ကာကွယ်ဆေးနဲ့ ယမကာသောက်တာနဲ့ သိပ်ဆက်စပ်တာမဟုတ်ပါဘူး”ဟု မော်စ့်က ထောက်ပြပြောဆိုခဲ့သည်။

zawgyi

႐ုရွားကာကြယ္ေဆး ထိုးလွ်င္ ယမကာ ၂ လ ျဖတ္ထားရမည္ဟုဆို

႐ုရွားႏိုင္ငံထုတ္ ကိုဗစ္ကူးစက္ေရာဂါ ကာကြယ္ေဆး ထိုးမည္ဆိုပါက ဆးမထိုးမီႏွင့္ ေဆးထိုးၿပီးရက္မ်ားတြင္

ယမကာမေသာက္သင့္ေၾကာင္း ႐ုရွား က်န္းမာေရးအရာရွိတစ္ဦးက သတိေပးခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားစားသုံးသူ က်န္းမာေရးေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕၏ အႀကီးအကဲအန္နာပိုဗာက ၿပီးခဲ့သည့္ အဂါေနၤ့က

သူ႔ႏိုင္ငံသားမ်ားကို ႐ုရွားအမ်ိဳးသားေရဒီယို အစီအစဥ္ ကတစ္ဆင့္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆး Sputnik V ထိုးမည္ဆိုပါက ပထမ ေဆးတစ္လုံးမထိုးမီ ရက္သတၱပတ္ ၂ ပတ္

ယမကာမေသာက္သင့္ပဲ ထိုးၿပီးပါက ေနာက္ထပ္ ၆ ပတ္ ယမကာ မေသာက္ပါက ကိုယ္ခံစြမ္းအား

တုန႔္ျပန္မႈ အေကာင္းဆုံးရလဒ္ ရမယ္ဟု ၄င္းက ေျပာဆိုသည္။ ထိုးေဆးကို ေဆးပတ္လည္ရန္ ၂ ႀကိမ္

ထိုးႏွံရမည္ျဖစ္ၿပီး ပထမ တစ္လုံးထိုးၿပီး ၂၁ ရက္အၾကာ ေနာက္တစ္လုံးထပ္ထိုးရမည္ ျဖစ္သည္။

“ငါ လက္ခံထားကေတာ့ ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးထက္ ပြဲလမ္းသဘင္ေတြမွာ ယမကာမေသာက္ပဲ

ပြဲတက္ေနရလို႔ စိတ္ဖိစီးတာက ပိုဆိုးပါေသးတယ္” ဟု ေမာ္စကိုတြင္ေနထိုင္သူ အယ္လီနာကရဗီဗင္က

႐ိုက္တာ သို႔ေျပာၾကားခဲ့ေၾကာင္း သတင္းေဖာ္ျပထားသည္။

သို႔ေသာ္ အန္နာပိုဗာ၏ အႀကံေပးခ်က္သည္ ပိုလြန္းပါေၾကာင္း ႐ုရွားႏွင့္အေမရိကန္ ကာကြယ္ေဆးကြၽမ္းက်င္သူမ်ားက

ေျပာသည္။ ႐ုရွားကာကြယ္ေဆး ထုတ္လုပ္သူ အလက္ဇန္းဒါးက ကာကြယ္ေဆး Sputnik V သည္

ရွန္ပိန္တစ္ခြက္ေလာက္နဲ႔ေတာ့ ထိခိုက္မွာ မဟုတ္မွာပါဘူးဟု ေရးသားခဲ့သည္။

အလက္ဇန္းဒါးက “ဘယ္ကာကြယ္ေဆးပဲထိုးထိုး ထိုးၿပီး ၃ ရက္ေလာက္ေတာ့ ယမကာမေသာက္သင့္ပါဘူး”

ေနာက္ထပ္ စာတစ္ေစာင္ တြစ္တာတြင္ ေရးသားျပန္သည္။

ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ အမႈေဆာင္ဒါ႐ိုက္တာ ဝီလ်ံေမာ့စ္ကမူ ေဖာ္ျပပါ အေၾကာင္းျပခ်က္မ်ားအတြက္

အခ်က္အလက္မ်ား မရွိပါဘူးဟု ဆိုျပန္သည္။

“ကာကြယ္ေဆးထိုးၿပီးရက္ နည္းနည္းၾကာတာနဲ႔ ဘီယာေလး၊ ၀ိုင္ေလး တစ္ခြက္ေလာက္ ေသာက္လိုက္မယ္ဆိုရင္

ကာကြယ္ေဆးက ခႏၶာကိုယ္ရဲ႕ တုန႔္ျပန္အားကို အေႏွာက္အယွက္ေပးမယ္ဆိုတဲ့ အခ်က္ကေတ

ာ့ သက္ေသအေထာက္အထား မေတြ႕ပါဘူး၊ ဒီအခ်က္ကို ဒီလိုျပင္းျပင္းထန္ထန္ ေဖာ္ျပလိုက္ေတာ့ ျပည္သူအေနနဲ႔

က်န္းမာေရး ပိုဆိုးသြားမယ္” ဟု အမႈေဆာင္ ေမာ့စ္က ဆက္လက္ေျပာဆိုသည္။

ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစင္တာ၏ အဆိုအရ အမ်ိဳးသမီးတစ္ဦးသည္ တစ္ပတ္လွ်င္ ယမကာ

၈ ခြက္ ႏွင့္အထက္၊ အမ်ိဳးသားသည္ ၁၅ ခြက္ ႏွင့္အထက္ ေသာက္ပါက ကိုယ္ခႏၶာကို ထိခိုက္ေစၿပီး

နာတာရွည္ေရာဂါႏွင့္ ယမကာ အလြန္အမင္း စြဲလမ္းျခင္းမ်ား ျဖစ္ေစႏိုင္သည္ဟု ေမာ္စ့္က ေျပာသည္။

သုေတသန ေတြ႕ရွိခ်က္အရ ယမကာေသာက္ျခင္းသည္ အူလမ္းေၾကာင္းကို သက္ေရာက္မႈရွိသည္။

ဗိုင္းရပ္စ္ႏွင့္ ဘက္တီးရီးယားပိုးမ်ားကို ေရွ႕တန္းမွကာကြယ္ေပးသည့္ အူထဲရွိ

ကိုယ္ခံအား ျမင့္တက္ေစသည့္ အင္မ်ဴးဆဲလ္မ်ားကို ယမကာက ဖ်က္ဆီးႏိုင္သည္။

အျခားသုေတသန ေတြ႕ရွိခ်က္တစ္ခုမွာ ယမကာအလြန္အမင္း ေသာက္ျခင္းသည္ ေရာဂါပိုးမ်ားကို တိုက္ဖ်က္ေပးႏိုင္သည့္

ကိုယ္ခံအားေကာင္းေစမည့္ ေသြးျဖဴဥမ်ားကို နာရီပိုင္းအတြင္း ကုန္ခမ္းေစသည္ဟု ေဖာ္ျပထားသည္။

“ကပ္ေရာဂါကာလအတြင္း ကိုယ္ခံအားေကာင္းဖို႔ အေရးတႀကီး လိုအပ္ေနသည္။ ထို႔ေၾကာင့္ ယမကာ

မေသာက္ျခင္းသာ အေကာင္းဆုံးဟု ပညာရွိစြာျဖင့္အေၾကာင္းျပျခင္းျဖစ္သည္၊ “တကယ္ေတ့ာ သုေတသန

ေတြ႕ရွိခ်က္က ကာကြယ္ေဆးနဲ႔ ယမကာေသာက္တာနဲ႔ သိပ္ဆက္စပ္တာမဟုတ္ပါဘူး”ဟု ေမာ္စ့္က ေထာက္ျပေျပာဆိုခဲ့သည္။