လက်ထပ်ဝတ်စုံကြောင့် ရေနစ်သေမလိုဖြစ်ခဲ့ရတဲ့ သတို့သမီး

International News

သတို့သမီးလက်ထပ်ဝတ်စုံဟာ လေးလံလှပါတယ်။ ဒါပေမယ့် အဆင်အလာရ ၀တ်ဆင်ခဲ့ကြတဲ့ ဒီဝတ်စုံကို သတို့သမီး တိုင်း ချစ်ခင်ကြသလို၊ အမျိုးသမီးတစ်ယောက်အတွက် ဂုဏ်အယူရဆုံး ၀တ်စုံတွေထဲမှာ လက်ထပ်ဝတ်စုံက နံပတ် 1 နေရာက ပါဝင်ပါလိမ့်မယ်။

လက်ထပ်ဝတ်စုံတစ်ခုရဲ့ ပျမ်းမျှအလေးချိန်ဟာ 5 ကီလိုဂရမ် (11) ပေါင် အလေးချိန်ရှိပါတယ်။ ဒါပေမယ့် ဒီဝတ်စုံနဲ့အတူ ရေထဲကို ခုန်ချအောင်ပွဲခံမယ်ဆိုရင်တော့ သတို့သမီးဝတ်စုံရဲ့ အလေးချိန်ဟာ 5 ဆလောက်အထိ လေးလံသွားပါတယ်။ တစ်ချို့ကတော့ 4 ဆလောက်သာ လေးလံတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် ဒါက အလေးချိန်ပြောင်းလဲမှုသာ ရှိသေး တာပါ။

Loading...

ရေရဲ့စွဲအား၊ မြှုပ်အား၊ ဖိအား၊ လက်ထပ်ဝတ်စုံရဲ့ ပြောင်းလဲအလေးချိန်တွေဟာ လက်ထပ်ဝတ်စုံနဲ့ သတို့သမီးတစ်ယောက် အတွက် သေရွာကို မိနစ်ပိုင်းအတွင်း ပို့ပေးနိုင်တဲ့ မရဏ၀တ်စုံဖြစ်သွားနိုင်ပါတယ်။ အခုလည်း သတို့သမီးအသစ်သစ်တစ်ယောက်ဟာ မင်္ဂလာအောင်ပွဲအထိမ်းအမှတ်နဲ့ ရေထဲကို ခုန်ချအောင်ပွဲခံခဲ့ပါတယ်။

42 စက္ကန့်သာ ကြာမြင့်တဲ့ ဒီဗွီဒီယိုဖိုင်မှာ ပထမဆုံးတော့ အပျော်ဆိုပြီးခုန်ချခဲ့တာပါဘဲ။ ဒါပေမယ့် သူတို့ဟာ အခြေအနေ ကို ရိပ်စားမိပုံရပြီး၊ ပတ်ဝန်းကျင်ကို ကယ်ပါယူပါလို့ အကူအညီတောင်းခဲ့ရပါတယ်။ သတို့သမီးဟာ အပေါ်ကို လန်တက် လာတဲ့ လက်ထပ်ဝတ်စုံနဲ့ ခေါင်းကို ပြန်အုပ်သလိုဖြစ်သွားခဲ့ပါတယ်။ ဒါကို ခက်ခက်ခဲခဲ ဖြည်ပေးခဲ့ရပါတယ်။

ရပ်ကြည့်နေ သူ နှစ်ယောက်သုံးယောက်လည်း ရေထဲကို ခုန်ဆင်းပြီး အကူအညီပေးခဲ့လို့သာ သက်သာရာရခဲ့ခြင်းပါ။ နီးစပ်ရာကိုလည်း သတိပေးလိုက်ပါဦး။ သတို့သမီးဝတ်စုံနဲ့ ရေထဲကို မခုန်ချဖို့၊ ရေထဲကို ခုန်ချအောင်ပွဲခံချင်ရင်လည်း သတို့သမီးဝတ်စုံချွတ်ပြီးမှ ခုန်ချဖို့ပေါ့။ အဲ တစ်ခြား ပေါ့ပေါ့ပါးပါး အ၀တ်အစားမျိုးတော့ ၀တ်ထားနိုင်ပါတယ်။

Aung Zaw Linn

Freelancer Copy & Paste Writer