စာသင်ကျောင်းမှာ Quarantine ဝင်နေရတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်လေးရဲ့ လေးစားစရာလုပ်ရပ်

ယခု သတင်းကို ( မောင်မောင် ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

လေးစားထိုက်သူ ဒီလူငယ်လေးရဲ့ အသက်က (၂၃) နှစ် (၂၆-၅-၂၀၂၀) ရက်နေ့က ထိုင်းကပြန်လာတာ။ အောင်ချမ်းသာရပ်ကွက်က လူငယ်လေးပါ။

Loading...

အောင် ချမ်းသာလခွဲ(၂)မှာ FQ ဝင်နေတာပါ။သူတစ်ယောက် တည်းပါ။ ကျောင်းတွေကလည်း ဖွင့်တော့မယ်ဆိုတော့ ကလေးတွေရဲ့စာသင်ခုံတွေက ယိုင်နဲ့ ကျိုးပျက်နေကြတာ။

ကျောင်းဖွင့်ရင်ကလေးတွေအတွက် စာသင်ခုံတွေက မလုံလောက်တော့ဘူး။ သူ့အတွက် အားလပ်နေတဲ့ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချလိုက်တာ။

ကျောင်းဖွင့် ရင်ကျောင်းပြန်တက်ကြတော့မည့်ညီငယ် ညီမငယ်လေး တွေအတွက် စာရေးခုံတွေ ပြန်လည်ပြုပြင် ပေးနေတာ ကလေး (၄၅) ယောက်အသုံးပြုန်ုင်မည့်စာရေးခုံများ ကို FQ ဝင်ရောက်နေတဲ့ကာလအတွင်း ပြုပြင်ဆောင် ရွက်ပေးခဲ့ပါတယ်။

ဒီလိုလူငယ်လေးတွေကျနော်တို့မြို့မှာ အများကြီးပေါ်ထွန်းလာဖို့အမှန်တကယ်လိုအပ်နေပါပြီ။

သတင်း/ဓာတ်ပုံ – မောင်မောင်(ဆီဆိုင်)