နွံနစ်နေတဲ့ဦးနှောက်တွေနဲ့ ကျွန်ဖြစ်နိုင်တဲ့တိုင်းပြည်

ဒီပုံထဲက ဟာတွေက Resistor တွေ Capacitor တွေ Diode တွေ IC တွေ တစ်ခု တခုကို မြန်မာငွေကျပ် ၅ ကျပ်တန် ၁၀ တန် ၁၅ ကျပ်တန် ၁၀၀ တန်ကနေ အများဆုံး ၈၀၀ ကျပ် ၁၀၀၀ ကျပ်ထက် မပိုတဲ့ ပစ္စည်းတွေကြီးပဲ ။ ဒါပေမယ့် ဒါတွေက စိန်တွေ ရွှေတွေ ပတ္တမြားတွေ ကျွန်းသစ်တွေ ရေနံတွေ သဘာဝ ဓာတ်ငွေ့တွေ ထက်တန်ဖိုးရှိတဲ့အရာတွေထက် တန်ဖိုးရှိတယ်လို့ ကျနော်ကပြောရင် ရယ်စရာ ဟာသကြီးဖြစ်နေမှာပဲ ။ ပြောတဲ့ကောင် သောက်ရူးပါကွာ ပြောမယ့်သူတွေလည်းအများကြီးပဲ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် ဒီပစ္စည်းတွေက စိန်ရွှေငွေကျောက်သံပတ္တမြားကျောက်စိမ်း သတ္တုတွေထက်ပိုတန်ဖိုးရှိတယ်ဗျ ။

ကျနော်တို့ နိုင်ငံမှာ တခုတခုကို သန်းနဲ့ချီတဲ့ စိန်ရွှေငွေကျောက်သံပတ္တမြားတွေထွက်တယ် ။ ဒါပေမယ့် ဒီပုံထဲက ၁၀ တန် ၅ ကျပ်တန် ကနေ ၁၀၀ တန် ပစ္စည်း သေးသေးလေး တမျိုးတောင်မှ မထုတ်နိုင်ဘူး ။ ဥပမာ ပြောမယ်ဗျာ ကျနော်တို့ဆီက ဒေါ်လာ 1 Million တစ်သန်းတန် ပတ္တမြား တလုံးထွက်မယ် ။ ဒါပေမယ့် အဲ့ပတ္တမြားဟာ တနေ့တလုံး ပုံမှန်မြေကြီးထဲက ထွက်နေတာမဟုတ်ဘူး ။ အပူ ဖိအား နဲ့ မြေမျက်နှာသွင်ပြင်ပြောင်းလဲခြင်းတွေ နှစ်သန်းပေါင်းများစွာကြာမှ အဲ့ တသန်းတန်တဲ့ ပတ္တမြားတလုံး တသန်းတန်တဲ့ စိန်တလုံးဖြစ်လာတာ ။ ဒါကလည်း ကြိမ်းသေဖြစ်ချင်မှဖြစ်မယ် ။ ဖြစ်ရင်လည်း ဘယ်မှာဖြစ်လာတယ်ရှာရဦးမယ် ။

Loading...

ဘာမှမသေချာဘူး။ ဒီပုံ မှာ ပြထားတဲ့ ၁၀ ကျပ်တန် နည်းပညာပစ္စည်းတွေကျတော့ သူတို့စက်ရုံကနေ တနေ့ အခုရေ တသန်းလား နှစ်သန်းလား သုံးသန်းလား နေ့တိုင်းထွက်နေတာ ။ဒီတော့ ဘယ်လိုပစ္စည်းတွေ ထွက်တဲ့ နိုင်ငံဟာ ချမ်းသာမလဲ စဉ်းစားကြည့်ပေတော့ ။တခါတခါ စဉ်းစားမိတယ် ဒီမြန်မာနိုင်ငံမှာ နေရတာဟာ တကယ်လူဖြစ်ရှုံးသလိုပဲ ။ကိုယ့်နိုင်ငံတွင်းမှာ အဘက်ဘက်က ခေါင်းဆောင်တွေပဲကြည့်ကြည့် ၊ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေပဲကြည့်ကြည့် ဘယ်သူမှ နည်းပညာကဏ္ဍဆိုတာကို စိတ်မဝင်စားဘူး ။

သူတို့စိတ်ဝင်စားတာက ရွှေ တွင်း ငွေတွင်း ကျောက်စိမ်းတွင်း ကြေးနီတွင်း ကျွန်းသစ် သဘာဝဓာတ်ငွေ့ စတာတွေကြီးပဲ အချိန်တန်သူတို့သားစဉ်မြေးဆက်ချမ်းသာပြီး တိုင်းပြည်အတွက် အခွံပဲကျန်မယ့် ဟာတွေကြီးပဲ ။ဒီပြထားတဲ့ ပုံထဲက IC ဆိုတဲ့ မဲမဲတုံးလေးတွေဟာ တစ်လုံး ၄၀၀ ၅၀၀ ကနေ ၈၀၀ တထောင်ပဲပေးရတယ် ။ ဒါလေးတွေဘာနဲ့လုပ်ထားတာလဲဆိုရင် Silicon ဆိုတဲ့ အရာနဲ့လုပ်ထားတာ ။

အဲ့ပစ္စည်းအတွက် ကုန်ကြမ်းက ဘာကရသလဲဆို သဲကရတယ်ဗျ ။ Sand ဆိုတဲ့ သဲရဲ့ ဓာတုဗေဒဖော်မြူလာက (Silicone dioxides SiO2) တဲ့ ဒီ SiO2 ထဲက O2 ဆိုတဲ့ အောက်ဆီဂျင်ကိုဖယ်ပြီး အဲ့ IC တွေကိုလုပ်တယ်တဲ့ဗျာ ။ အဲ့ SiO2 ထဲက အောက်ဆီဂျင်ကိုသန့်စင်တဲ့ နည်းပညာက ကမ္ဘာပေါ်က နိုင်ငံကြီးတွေမှာပဲရှိပါသတဲ့ဗျာ ။ အမေရိကန်မှာ နာမည်ကြီးတဲ့ Silicone Valley Technology ဆိုတာအဲ့လိုနည်းပညာပစ္စည်းတွေ အပြိုင်အဆိုင်ထုတ်နေတဲ့ နေရာကြီးပေါ့ ။

သဲဆိုတာ ကိုယ့်နိုင်ငံတွင်းပေါမှပေါ ဘယ်မှာကြည့်ကြည့်သဲရှိတဲ့နေရာကြီးပဲ ဘာနည်းပညာမှမရှိတော့ လမ်းခင်းတာနဲ့ အုတ်သဲကျောက်ပန်းရံစီတာပဲရတယ် ။ ကိုယ်တွေနိုင်ငံမှာ နှစ်သန်းပေါင်းများစွာကြာမှ တစ်လုံးလောက်ထွက်တဲ့ တွင်းထွက်တွေ အပြိုင်အဆိုင်အလုအယှက်လက်ဝါးကြီးအုပ်ပြီး ရှာနေတဲ့အချိန်မှာ သူများနိုင်ငံတွေက နေ့တိုင်းသန်းပေါင်းများစွာ ဝင်နိုင်တဲ့ နည်းပညာကိုရှာနေကြလေရဲ့ဗျာ ။

တကယ်တော့ မြန်မာတွေက ဟိုးကတည်းက ပြည်တန်ပတ္တမြားဘာညာနဲ့ ဂျင်းထည့်ခံခဲ့ရတာ ကမ္ဘာ့အကြီးဆုံး ပုလဲဆိုလည်း ဂုဏ်ယူပြန်ပြီ ၊ ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းဆိုလည်း ဂုဏ်ယူပြန်ပြီ ။ ပြီးတော့ ဘာမှ အသုံးဝင်တာမဟုတ်ဘူး ။ တကယ့်နည်းပညာရှိရင် ပြည်တန်ပတ္တမြားတွေ နေတိုင်း စက္ကန့်တိုင်းထွက်အောင်လုပ်လို့ရတယ်ဆိုတာ ခေတ်အဆက်ဆက်ခေါင်းဆောင်ခဲ့တဲ့သူတွေ သိမှမသိတာဗျာ ။

သူများနိုင်ငံတွေမှာ နည်းပညာအသစ်တွေ အလုအယှက်တီထွင်နေကြတဲ့အချိန်မှာ ဒီမှာတော့ သယံဇာတတွေ အလုအယှက်ခေါင်းပုံဖြတ်လို့ ဂုတ်သွေးစုပ်လို့ မပြီးနိုင်ဖြစ်နေတာ ရင်နာဖို့ကောင်းတယ်ဗျာ ။ ဒီလို့နဲ့ သယံဇာတတွေလည်းပြောင် တိုင်းပြည်မှာလည်း ထုတ်ကုန်ဆိုလို့ အပ်တောင်ဖြောင့်အောင်မထုတ်နိုင် ၊ ပွဲမှာ ဖောက်တဲ့ ဗျောက်အိုးတောင် တရုတ်ကဝယ်သုံးနေရတာ ရေရှည်တွေးကြည့်ရင် ဒီအတိုင်းသာဆက်သွား သယံဇာတတွေ ကုန်တဲ့တနေ့ ကျနော်တို့ မြန်မာနိုင်ငံက မျိုးဆက်တွေအကုန် တိုင်းတပါးကျွန်ဖြစ်မှာပဲဗျာ ။ ဆရာကြီးဦးအောင်သင်းပြောသလို သူများက ဝုန်းဆို ကိုယ်ကလဲ ဝုန်းနိုင်မှ ။သူများဆီက ဝယ်သုံးပြီး သူများပစ္စည်းတွေက အာရှမှာ ပါဝါအဆင့်ဘယ်လောက်ပဲရှိတာ ၊ တို့ကကမ္ဘာမှာဘယ်အဆင့်ရှိတာ ၊သူများနိုင်ငံတွေပြန်ချနိုင်မယ်ကွ စသဖြင့် အော်နေတာတွေက ဦးနှောက်ကျပ်မပြည့်လို့ပါပဲဗျာ ။

တကယ့်တန်ဖိုးရှိတဲ့ ရှိတဲ့ အရာဆိုတာ ဘာလဲ မမြင်နိုင်ဘဲ တိုင်းပြည်ဟာ ဒီအတိုင်းစခန်းဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ကျွန်တော်တို့ နိုင်ငံဟာ နောင်နှစ်များမကြာခင်မှာ ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ ဘုံကျွန် ကျွန်မျိုး ကျွန်နွယ်သာ ဖြစ်နိုင်ကြောင်းရင်နာနာနဲ့ ပြောချင်ကြောင်းပါဗျာ ။ “writer – Lynn Za Nee.” via – Kyaw Zaya. ကောင်းမွန် ( ဒဿန) ခေါင်းစဉ်နှင့်စာသားအနည်းငယ်ပြုပြင်၍ ထပ်မံဖြန့်ဝေသည်