မယားငယ် အပျိုကို ထောင်တန်းချမယ့် ဥပဒေ

မြန်မာပြည်မှာ မယားငယ် အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ ရှိပါတယ်

နိုင်လွတ် ဥပဒေ ပုဒ်မ ၈ ( စ ) ဥပဒေနဲ့ပါ အဲ့ဒီ ဥပဒေ နဲ့ မယားကြီးဖြစ်သူက တရားစွဲရင် အချုပ်တန်းကြပါတယ်

အာမခံ လုံး ( လုံးဝ ) မရပါ

မြန်မာပြည်မှ မယားငယ်တိုင်းသည် နိုင်လွတ် ဥပဒေပုဒ်မ ၈ ( စ ) နဲ့ ငြိနေသလို တစ်လင်တစ်မယား ဥပဒေ ကို အားပေး အားမြှောက်မူ ရာဇသတ်ကြီး ပုဒ်မ ( ၁၁၄ ) နဲ့ပါ ငြိနေကြပါတယ်

အဲသလို မယားငယ်ကို တရားပြန်စွဲနိုင်တဲ့ မည်သည့် မယားကြီးမဆို မယားငယ်ရဲ့ နိုင်လွတ် ဥပဒေ ပုဒ်မ ( ၁၀ ) နဲ့ ကန်းတက် တရားစွဲဆိုခံရဖို့ မရှိနိုင်တော့ပါ

ဘယ်မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့ပါ

တရားစွဲဖို့ ရှေ့နေ မငှားနိုင်ကြရင်ပူစရာမလိုပါ • ဒီပို့စ်ကို ရေးသူ မမလင်းက အလကား ရှေ့နေ ရအောင် N G O အဖွဲ့အစည်းတချို့နဲ့ ချိတ်ဆက်ပေးနေပါတယ်ရှင့်•

Copy from ခင်လင်းလင်းဖြူ

သိထားသင့်သည့် ဥပဒေများ

၁ – လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေ တွေ့လို့ ဟေ့ ချစ်ချစ်လို့ ခေါ်ပြီးပါးစပ် သရမ်းရင် ပုဒ်မ ( ၅၀၉ )ထောင်ဒဏ် ၁ နှစ် ။

၂ – ကားပေါ်မှာ မိန်းကလေးတွေကို မတော်တရော် သွားထိရင်••••ပုဒ်မ ( ၃၅၄ ) ထောင်ဒဏ် ၂ နှစ် ။

၃ – လင်နဲ့ မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် •••ပုဒ်မ ( ၃၂၃ ) ထောင်ဒဏ် ( ၁ နှစ် )

၎ – ငါ့မိန်းမမို့ငါရိုက်တာကွာ မင်းနဲ့ ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင် ချစ်တာကွ တုတ်နဲ့ရိုက်ရင် •••• ပုဒ်မ ( ၃၂၄ ) ထောင်ဒဏ် ( ၃ ) နှစ် ဒါ့အပြင် ပုဒ်မ ( ၃၂၆ ) နဲ့ ညှိရင်တော့ ထောင်ဒဏ် နှစ် ( ၂၀ )

၅ – မိန်းမ နဲ့ နွား မသနားနဲ့ကွဆိုပြီး ဒီလိုရိုက် ဒီလိုကန် ဆိုရင် ••••ပုဒ်မ ( ၃၂၅ ) ထောင်ဒဏ် ( ၇ ) နှစ်

၆ ) – သမီးကညာ အခါမလင့်စေနဲ့ ဆိုပြီး အတင်းအကျပ် ပေးစားရင် •••••ပုဒ်မ ( ၃၇၆ ) ထောင်ဒဏ် နှစ် ( ၂၀ )

၇ ) – ယောက်ျားကောင်း မောင်းမ တစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့အပျော်မယားရှာရင် ••••• ပုဒ်မ ( ၁၃ ) ထောင်ဒဏ် ( ၇ ) နှစ် ဒါ့အပြင်ပုဒ်မ ( ၁၇ ) နဲ့ ညှိရင် ထောင်ဒဏ် ( ၁၀ ) နှစ် ။

Credit