မွေးချင်းထဲမှာ အငယ်ဆုံး ဖြစ်ကြောင်း တန်းသိစေနိုင်တဲ့ အချက် (၇) ချက်

မွေးချင်း အရွယ်အလိုက် သူ့ပုံစံတွေက ရှိနေတတ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံမှု နယ်ပယ်မှာ မိသားစုတစ်ခုရဲ့ အကြီးဆုံးလား အငယ်ဆုံးလားဆိုတာကို ခွဲခြားသိကြလေ့ ရှိပါတယ်။ အငယ်ဆုံးတွေမှာပဲ ရှိနေတတ်တဲ့ အရာတွေလည်း ရှိပါသေးတယ်။ သူတို့ရဲ့ ဒီလို အကျင့်တွေ၊ လုပ်လေ့ ရှိတာတွေကို ကြည့်ရင်း အငယ်ဆုံး ဆိုတာကို သိနိုင်ပါတယ်။

(၁) ယုံကြည်မှု ရှိတယ်

အငယ်တွေ တော်တော်များများက မိသားစုရဲ့ အလိုလိုက်ခြင်းကို တနည်းမဟုတ် တနည်း ရတတ်ကြပါတယ်။ ဒါကြောင့် သူတို့က သူတို့ လုပ်ချင်တာကို လုပ်ရဲတတ်ကြပါတယ်။ ဒီအကျင့်ကပဲ သူတို့ကို ငယ်ငယ်တည်းက ယုံကြည်မှု ရှိစေတဲ့သူ ဖြစ်စေတာပါပဲ။

(၂) ကိုယ့်ထက် ကြီးတဲ့သူတွေနဲ့ ပိုအဆင်ပြေတယ်

အစ်ကိုတွေ၊ အစ်မတွေနဲ့ ကြီးတဲ့သူပီပီ သူတို့က အကြီးတွေနဲ့ ပိုပြီး ပေါင်းသင်းဆက်ဆံရ အဆင်ပြေတတ်ပါတယ်။ အကြီးတွေနဲ့ ဘယ်လို ပေါင်းသင်းရမယ်ဆိုတာကို ကောင်းကောင်း သိသလို သူတို့ရဲ့ အကြိုက်တွေကလည်း ငယ်တဲ့သူတွေမှာ ရှိတဲ့ အကြိုက်မျိုး မဟုတ်ဘဲ အကြီးတွေ ကြိုက်တာတွေနဲ့ တူညီနေတာကြောင့် အခုလို အကြီးတွေနဲ့ပဲ အပေါင်းအသင်း လုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။

(၃) ဘယ်နေရာမှာမဆို အိပ်တတ်တယ်

အငယ်တွေမှာ ရှိနေတဲ့ အကျင့်တစ်ခုက ပုံစံမျိုးစုံနဲ့ အိပ်တတ်တာပဲ ဖြစ်ပါတယ်။ မတ်တပ်ရပ်လည်း အိပ်တတ်သလို၊ ဇောက်ထိုးပဲနေနေ၊ ထိုင်ရပ်ပဲ အိပ်ရ အိပ်ရ ဘယ်အခြေအနေမှာ မဆို အိပ်တတ်ကြပါတယ်။ ဒါက သူတို့ရဲ့ သူများနဲ့ မတူတဲ့ သဘောအရ ဖြစ်တတ်တာ ဖြစ်ပါတယ်။

(၄) အကြီးတစ်ယောက်ကို အားကျတတ်တယ်

အငယ်တွေ အများစုကတော့ မွေးချင်းထဲက အကြီးတစ်ယောက်ကို သဘောကျတတ်ပါတယ်။ သူ့ရဲ့ စံပြပုံစံက သူတို့ရဲ့ အစ်ကိုတွေ အစ်မတွေပဲ ဖြစ်နေတတ်ပါတယ်။

(၅) အငယ်ဖြစ်ရတာ သဘောကျတယ်

အငယ်တိုင်းမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ သူတို့က အငယ်အဖြစ် ကြီးပြင်းလာတာကို မကြိုက်တဲ့ အချက်တွေ ရှိနေရင်တောင်မှာ အငယ်ဖြစ်ရတာကို ကြိုက်နေတတ်ပါတယ်။

(၆) စကားနာအောင် ပြောတတ်တယ်

အငယ်တွေက များသောအားဖြင့် အကြီးတွေကို ရန်တွေ့တာမျိုး လက်ပါပြီး ရန်ဖြစ်တာမျိုး လုပ်လို့ ရခဲ့လေ့ မရှိပါဘူး။ မောင်နှမချင်း အဆင်မပြေဖြစ်ရင်လည်း စကားနဲ့ပဲ တုံ့ပြန်ခဲ့ရတဲ့သူတွေပါ။ ဒါကြောင့် သူတို့က လက်ပါတဲ့ သူမျိုး မဟုတ်ဘဲ စကားနဲ့ တုန့်ပြန်တတ်ကြတဲ့သူမျိုးတွေ ဖြစ်လာပါတယ်။ စကားနဲ့တင် တစ်ဖက်သားကို နာအောင် ပြောတဲ့နေရာမှာ သူတို့က ဆရာတစ်ဆူပါပဲ။

(၇) စောင့်ဆိုင်းတတ်သူတွေ

တစ်ခုခုကို စောင့်ရတာကို စိတ်မရှည်တဲ့သူတွေ ရှိပါတယ်။ အဲ့ဒီအထဲ အငယ်ဆုံးတွေ မပါပါဘူး။ အငယ်ဆုံးတွေက သူတို့ဘဝမှာ အကြီးတွေပြီးမှ အလှည့်ကျ ကိုယ့်ဆီ ရောက်လာတာမျိုးကို နားလည်သဘောပေါက်ခဲ့ရသူမို့ စောင့်ဆိုင်းရတဲ့အ ရာတွေအပေါ် စိတ်ရှည်တတ်ကြပါတယ်။ သူတို့ရဲ့ ဘဝက ပေးတဲ့ အားသာချက်လို့ ပြောရမှာပါ။

Kham