စိတ်ပါလက်ပါနဲ့ လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ ကလေးအတွက် အိမ်တစ်လုံးဆောက်ပေးပြီး လျှပ်စစ်မီးပါ စီစဥ်ပေးလိုက်တဲ့ သူဌေ

စိတ်ပါလက်ပါနဲ့ လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ ကလေးအတွက် အိမ်တစ်လုံးဆောက်ပေးပြီး လျှပ်စစ်မီးပါ စီစဥ်ပေးလိုက်တဲ့ သူဌေး

ချစ်ပရိသတ်ကြီးရေ ယခုပြောပြ ပေးသွားမှာကတော့ မကြာသေးခင်ကာလတုန်းက လမ်းဘေးမီးတိုင်အောက်က မီးရောင်လေးနဲ့ စာလုပ်နေတဲ့ ကလေးငယ်လေးတစ်ဦးရဲ့ ပုံရိပ်လေးတွေဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ခဏလေးအတွင်း ဆိုသလို ပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါ ပုံထဲက စာလုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ

ပီရူးနိုင်ငံက အသက် ၁၁နှစ်အရွယ် Victor Martin Angulo Cordoba ဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Victor လေး ရဲ့ လမ်းဘေးမီးတိုင်အောက်မှာ မီးရောင်လေးကရတဲ့ အလင်းရောင်လေးနဲ့ စိတ်ပါလက်ပါ စာလုပ်နေခဲ့တဲ့ ပုံရိပ်လေးဟာ ပီရူးနိုင်ငံတစ်ခုလုံး တင်သာမကဘဲ တစ်ကမ္ဘာလုံးလိုလိုမှာပါ ပြန့်နှံ့သွားခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီသတင်းဟာ ဘာရိန်းနိုင်ငံမှာရှိတဲ့ အသက် ၃၁နှစ်အရွယ် Yaqoob Yusuf Ahmed ဆိုတဲ့ သူဌေးတစ်ဦးစီကိုပါ ရောက်သွားခဲ့ပါတယ်။ သူဌေးကြီး Yaqoob ဟာ မီးရောင်အောက်မှာ စာလုပ်နေခဲ့တဲ့ Victor လေးရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကူညီဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူဌေး Yaqoob ကိုယ်တိုင်ကလည်း တစ်နိုင်တစ်ပိုင်း ပရဟိတလုပ်ငန်းလေးတွေကို

လမ်းကမ်းမှီသလောက်လေး လိုက်လံဆောင်ရွက်ပေးနေသူ တစ်ယောက်လည်း ဖြစ်တာကြောင့် ၁၁ နှစ်အရွယ် Victor လေးအတွက် အိမ်လေးဆောက်လုပ် လှူဒါန်းဖို့ ဘာရိန်းကနေ ပီရူးမှာရှိတဲ့ Moche နယ်မြို့လေးကိုရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက် Victor လေးတို့ မိသားစုနေနေကြတဲ့ သာမန်အိမ်လေးကို နှစ်ထပ်အိမ်လေးအဖြစ် ပြောင်းပြီး ဆောက်လုပ်ပေးခဲ့ပြီး

Victor လေး စာလုပ်ဖို့အတွက် လျှပ်စစ်မီးကိုပါ တစ်ခါတည်းရသွားအောင် ဆောက်လုပ်ပေးခဲ့ပါတယ်။ သူဌေး Yaqoob ဟာ Victor လေးအတွက် အိမ်လေးတစ်လုံးနဲ့ လျှပ်စစ်မီးကိုပါ တပ်ဆင်ပေးရုံတင်မကခဲ့ပါဘူး။ Victor လေး တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းကိုပါ ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေကို ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရခဲ့ပါတယ်။

ဒီလိုမျိုးလေး တကယ်လိုအပ်နေတဲ့ နေရာတွေမှာ အခုလို ကိုယ်တတ်နိုင်သလောက် ကူညီ ထောက်ပံ့ပေးလိုက်တဲ့ Yaqoob Yusuf Ahmed ရဲ့ စိတ်ဓာတ်လေးကတော့ တကယ့်ကို ချီးကျူးဖို့ ကောင်းပါတယ်နော်။ ဒီအဖြစ် အပျက်လေးထဲကလို တကယ်လိုအပ်နေတဲ့သူတွေ ချို့တဲ့ပြီးဆင်းရဲနွမ်းပါးတဲ့ သူတွေကို ကိုယ်တတ်နိုင်သလောက်လေး ကူညီပေးလိုက်တာကလည်း ကြည်နူးပီတိ ဖြစ်စရာပါပဲနော်။

အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာအေးချမ်းတဲ့ ညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။