ဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ၊ မရ

ဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ၊ မရ

ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ

ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာတင်မှ အသက် ဝင်တယ် အနေကဇာမတင်ရင် အသက် မဝင်ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာမတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူးလို့လဲ ပြောကြပါတယ် ။

တစ်ချို့က အနေကဇာမတင်ဘဲ မကိုးကွ ယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။

ယ္ခု အယူအဆတွေက မှားပါတယ် တကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။

စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်းလို့လဲ ဆိုနိူင် ပါတယ် ။ အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။

ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စ သမုပ္ပါဒ်ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး ။

ဗုဒ္ဓဘာသာတွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ ။

စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။

စေတီ ဆင်းတုတော်တွေ ကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။

ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာပါ။

မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမညမျှသာ ဖြစ်ကြပါတယ် ။

ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။

မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

ခရစ်ဒစ်

ဆင္းတုေတာ္ေတြကို အေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ၊ မရ

ဘုရားအေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ မရ

ဘုရား ဆင္းတုေတြ ကို တစ္ခ်ိဳ႕က အေနကဇာတင္မွ အသက္ ဝင္တယ္ အေနကဇာမတင္ရင္ အသက္ မဝင္ဘူး လို႔ေျပာၾကသလို တစ္ခ်ိဳ႕က အေနကဇာတင္မွ ဘုရားျဖစ္တာ အေနကဇာမတင္ဘဲ ကိုးကြယ္ရင္ ကုသိုလ္မရဘူးလို႔လဲ ေျပာၾကပါတယ္ ။

တစ္ခ်ိဳ႕က အေနကဇာမတင္ဘဲ မကိုးကြ ယ္ေကာင္းဘူးလို႔လဲ ယူဆၾက ပါေသးတယ္ ။

ယၡဳ အယူအဆေတြက မွားပါတယ္ တကယ္ေတာ့ အေနကဇာတင္တယ္ ဆိုတာ ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္ေတြ ေက်းဇူးေတာ္ေတြကို ေအာက္ေမ့ ရြတ္ဖတ္ ပူေဇာ္ျခင္း အမွတ္ရျခင္း ျပဳတ့ဲ သေဘာမ်ိဳးပါ ။

ေစတီေတာ္ ဆင္းတု ေတာ္ေတြကို ထပ္မံမြန္းမံျခင္းလို႔လဲ ဆိုႏိူင္ ပါတယ္ ။ အေနကဇာတင္ေတာ့ အေနကဇာတိ စတ့ဲ ဗုဒၶ ၾကဳံးဝါးခ့ဲတ့ဲ ဂါထာေတာ္ေတြကို ၾကားနာခြင့္ရတယ္ ။

ဗုဒၶ ဆင္ျခင္သံုးသပ္ခ့ဲတ့ဲ ပဋိစၥ သမုပၸါဒ္ကို နာခြင့္ရတယ္ ။ ရဟန္းေတာ္ေတြကို လႉဒါန္း ကုသိုလ္ျပဳခြင့္ရတယ္ အစရိွ သျဖင့္ ဆိုင္ရာ အက်ိဳးေတြ ရပါတယ္ ။

ဒါေပမ့ဲ အဲဒီလို အေနကဇာ တင္ျခင္းေၾကာင့္ ေစတီ ႐ုပ္ထုေတြက အသက္ဝင္လာတာေတာ့ မဟုတ္ပါဘူး ။

ဗုဒၶဘာသာေတြကလဲ အဲဒီ ႐ုပ္ထုေတြကို ကိုးကြယ္ေနတာ မဟုတ္ရပါဘူး ။ ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို ကိုးကြယ္တာပါ ။

ေစတီ ႐ုပ္ထု ဆိုတာက ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳလို႔ လြယ္ကူေအာင္ အေထာက္ပံ့ ျပဳတ့ဲ အရာမွ်သာ ျဖစ္ၾကပါတယ္ ။

ေစတီ ဆင္းတုေတာ္ေတြ ကို ဖူးေမွ်ာ္ၿပီး ဗုဒၶ၏ ဂုဏ္ေတာ္ ေက်းဇူးေတာ္ေတြကို အာ႐ုံျပဳၾက ပူေဇာ္ၾကရပါတယ္ ။

ေ႐ွ႕မွာ ရိွေနတ့ဲ ေစတီ ဆင္းတုေတာ္ေတြကို ပူေဇာ္ေနၾကတာ မဟုတ္ပါဘူး ပရိနိဗၺာန္ဝင္စံေတာ္မူၿပီးျဖစ္တ့ဲ ျမတ္စြာဘုရား႐ွင္၏ ေက်းဇူးေတာ္ အနႏၲ ဂုဏ္ေတာ္ အနႏၲကို ပူေဇာ္ေနၾကတာပါ။

မိမိစိတ္က ဗုဒၶ၏ ဂုဏ္ေတာ္ေတြကုိ ရည္မွတ္ဖို႔သာ အဓိက က်တာျဖစ္ပါတယ္ ေစတီ ဆင္းတုေတြက အဓိက မက်ပါဘူး သာမညမွ်သာ ျဖစ္ၾကပါတယ္ ။

ဒါေၾကာင့္ မိမိ အေနနဲ႔ ဗုဒၶ၏ဂုဏ္ေတာ္ေတြကို ရည္မွတ္ရရင္ အေနကဇာ တင္တင္ မတင္တင္ ကိုးကြယ္လို႔ ရပါတယ္ ။

ျမတ္ဗုဒၶအား မိမိ၏ ၾကည္ညိဳမႈ သဒၶါ ထက္သန္သေလာက္ အက်ိဳးထူးရရိွမွာသာ ျဖစ္ပါတယ္ သူေတာ္ေကာင္းတို႔ ။

စာဖတ္သူ ဓမၼမိတ္ေဆြ အေပါင္းသူေတာ္ေကာင္းတို႔ အားလံုး ျမတ္ဗုဒၶ၏ ေက်းဇူးေတာ္ ဂုဏ္ေတာ္ အနႏၲေတြကို ထက္သန္ေသာ သဒၶါတရား ႏွင့္ ကိုးကြယ္ ဆည္းကပ္ ပူေဇာ္တတ္သူ စစ္စစ္မ်ား ျဖစ္ၾကပါေစ။

ခရစ္ဒစ္