အင်မတန်ဖူးမြေုာ်ရခဲတဲ့ ပျံလွန်တော်မူပြီး ခန္ဓာဝန်ပြန်လည်တူးဖော်ရာမှ အပြုံးမပျက်ရှိနေတဲ့ ဘုန်းတော်ကြီး

ပျံလွန်တော်မူပြီးနောက်ခန္ဓာဝန်ကိုပြန်လည်တူးဖော်စဉ်မပျက်မစီးပဲပြုံးယောင်သန်းနေတဲ့ဆရာတော်အင်မတန်ထူးခားပြီးဖူးရခဲပါတယ်။

ပျံလွန်တော်မူသွားတာနှစ်လကြာပြီဖြစ်တဲ့ဗုဒ္ဓဘာသာဝင်ထိုင်းဘုန်းကြီးတစ်ပါးကိုအလောင်းပြန်လည်တူးဖော်ရာမှာပြုံးနေကြောင်းတွေ့ရှိခဲ့ရပါတယ်။သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့Luang Phor Pian ဟာကမ္ဘာဒီးယားနိုင်ငံဇာတိဖြစ်ပေမယ့်သူ့ဘဝအချိန်တော်တော်များများကို

တော့ထိုင်းနိုင်ငံအလယ်ပိုင်းLopburi မှာဘာသာရေးဆိုင်ရာသင်ကြားပြသပေးတဲ့ဆရာတစ်ဆူတစ်ဖြစ်အချိန်ကုန်ဆုံးခဲ့ပါတယ်။သူသေဆုံးတဲ့အခါရုပ်အလောင်းကိုမြှုပ်နှံဖို့ဘုန်းကြီးနေထိုင်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သယ်လာခဲ့ပါတယ်။

ယခုအပတ်မှာတော့ဘုန်းကြီးရဲ့ဒကာတွေကထိုင်းနိုင်ငံရိုးရာဗုဒ္ဓဘာသာအစဉ်အလာတစ်ခုအရအလောင်းကိုအခေါင်းထဲကနေပြန်ထုတ်ခဲ့ပါတယ်။ဒကာတွေဟာဘုန်းကြီးရဲ့အလောင်းကိုမပျက်မစီးပဲတွေ့ခဲ့ရတဲ့အပြင်မျက်နှာဟာလည်

ပြုံးနေတာကြောင့်အံ့အားသင့်ခဲ့ကြပါတယ်။ဘုန်းကြီးရဲ့ထူးခြားတဲ့ရုပ်အလောင်းနဲ့ပြုံးနေတဲ့သဏ္ဍာန်ကြောင့်ကြည့်ရှုသူတွေကဓာတ်ပုံရိုက်ခဲ့ကြကာဆိုရှယ်မီဒီယာတွေပေါ်မှာမျှဝေခဲ့ပါတယ်။

သတင်းဌာနတွေအရတော့ဘုန်းကြီးအလောင်းကိုအခေါင်းထဲကနေဖယ်ထုတ်ခဲ့ခြင်းကအလောင်းကိုပြန်လည်သန့်စင်ကာအဝတ်သစ်တွေဆင်မြန်းပေးဖို့ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင်နှစ်လကြာမှပြန်တူးဖော်ပြီးတွေ့ရတဲ့ရုပ်အလောင်းက၃၈နာရီအတွင်းသေဆုံးခဲ့တဲ့လူသေလိုပဲဖြစ်နေကြောင်းသတင်းတွေကတော့ဆိုပါတယ်။

ဗုဒ္ဓဘာသာအလိုအရနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာကြောင့်ဘုန်းကြီးကိုယခုလိုမြင်ရကြောင်းလည်းပြောသူကပြောကြပါတယ်။ဒကာဒကာမတွေကတော့ဘုန်းကြီးပျံလွန်တော်မူတဲ့ရက်၁၀၀ပြည့်တဲ့အထိဆက်လက်ပြီးဆည်းကပ်ပူဇော်မှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။