Relationship တိုင်းမှာ ရေရှည်တည်တံ့ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာ (၅) မျိုး

Relationship တိုင်းမှာ ရေရှည်တည်တံ့ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာ (၅) မျိုး

အချစ်တစ်ခုကို စတင်လိုက်ပြီဆိုတာနဲ့ လူတိုင်းကတော့ ပျော်ရွှင်ပြီး တာရှည်ခံတဲ့ relationship ကိုသာ လိုချင်မိတတ်ကြပါတယ်။

အချစ်ရေးတစ်ခုကို တည်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးကို ဆောက်ရသလိုပါပဲ။

အဘက်ဘက်ကနေ ထောင့်စုံအောင် ညှိနှိုင်းကြရင်း တည်ဆောက်ကြရတာ ဖြစ်ပါတယ်။

အချစ်ရေး တစ်ခုက ရေရှည်မှာ ပျော်ရွှင်သာယာနေဖို့ဆိုရင် ဒီအချက်တွေက လိုကို လိုအပ်ပါတယ်နော်။

နားလည်မှု ပေးဖို့

အချစ်ရေးမှာ နားလည်မှု ရှိဖို့က အရမ်းကို အရေးကြီးပါတယ်။

တစ်ယောက်ရဲ့ လူမှုရေးကိစ္စတွေကို တစ်ယောက်က နားလည်ပေးဖို့၊ တစ်ယောက်ရဲ့ ခံစားချက်တွေကို

နားလည်ပေးဖို့၊ အခက်အခဲတွေကို နားလည်ပေးဖို့ စတဲ့ နားလည်မှုတွေ ထားပေးမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဉ်တွေ တိုးလာမှာ ဖြစ်ပါတယ်။

ယုံကြည်မှု တည်ဆောက်ဖို့

ယုံကြည်မှုဆိုတာ အလွယ်တကူ ဖြစ်လာကြတာ မဟုတ်ပါဘူး။

အချစ်ရေးတစ်ခုကို တည်တည်တံ့တံ့ စတင်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ယုံကြည်လာအောင်လည်း လုပ်ဖို့ လိုအပ်ပါတယ်။

သူ့နောက်ကွယ်မှာ သူ မကြိုက်တာမျိုး မလုပ်တာ၊ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိပေးတာ စတဲ့

ယုံကြည်မှုမျိုးကိုသာ တည်ဆောက်ကြမယ်ဆိုရင် အချစ်ရေးမှာ သံသယတွေ ရှင်းပြီး စိတ်သက်သာ ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။

အလျှော့ပေးတတ်ဖို့

အချစ်ဆိုတာ ပြိုင်ပွဲ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ရဖို့ မလိုပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် လိုတိုး ပိုလျှော့ ဆက်ဆံဖို့ လိုပါတယ်။

ဒီလိုမျိုး သူ့ဘက် ကိုယ့်ဘက် အလျှော့ပေးတာက အချစ်ရေးမှာ လိုအပ်နေတဲ့ အရာ ဖြစ်ပြီး

ဒီလို အလျှော့ပေးတာ နှစ်ယောက်ကြားမှာ အချစ်တွေ တိုးလာစေမယ့် အချက်လည်း ဖြစ်ပါတယ်။

အချစ်တွေ ပြပေးဖို့

အချစ်ရေးမှာ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိပြီးရင် ရိုးသွားနိုင်ပါတယ်။ ဒါက လူ့သဘာဝ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်ယောက်ကြားမှာ အချစ်တွေ ခိုင်မြဲနေဖို့ အမြဲ ရင်ခုန်စရာ ကောင်းနေအောင် သူ့ဘက် ကိုယ့်ဘက် အချစ်တွေ ပြပေးဖို့ လိုအပ်ပါတယ်။

ချစ်တာ သိပြီးသားမို့ အချစ်တွေ ပြစရာ မလိုတာ မဟုတ်ပါဘူး။ အချစ်ဆိုတာ အမြဲ သိနေမှ အချစ်တွေ မြဲနေတာမျိုး ဖြစ်ပါတယ်။

အားဖြစ်စေဖို့

အချစ်ရေး တစ်ခုမှာ ခိုင်မြဲနေဖို့ဆိုရင် သံယောဇဉ်တွေ တိုးလာဖို့ကလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။

သူ အားငယ်နေချိန်မှာ ကိုယ် အားပေးပြီး ကိုယ် အခက်အခဲ ဖြစ်နေချိန်မှာ သူက အားဖြစ်ပေးတာက နှစ်ဦးကြားမှာ အချစ်တွေ တိုးလာစေမယ့် အချက် ဖြစ်ပါတယ်။

ဒီအတွက် တစ်ယောက်ကို တစ်ယောက် ပြစ်တင်ပြီး ဝမ်းနည်းစေတာထက် ခွန်အားဖြစ်စေတာက ပိုပြီး လိုအပ်ပါတယ်နော်။

Kham