Home Blog Page 15

ဖြူဖွေးသန့်ပြန့်နေတဲ့ အသားအရည် လူအများကြားမှာ ထင်ရှားနေတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော နေတိုးက ငယ်စဉ် မော်ဒယ်စလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ဖြည်းဖြည်း နာမည်ကြီးလာရာမှ အခုဆိုရင် နိုင်ငံကျော်မင်းသားတစ်ဦးအဖြစ် အောင်မြင်နေသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ နေတိုးက အကယ်ဒမီဆုကြီး (၂) ဆုတိတိကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မနေ့က သြဂုတ်လ (၁၅) ရက်နေ့မှာတော့ နေတိုးက ရန်ကုန်မြို့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်တဲ့ "အထက်တန်းစား" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ နေတိုးက အဖြူရောင် လည်ကတုံးအင်္ကျီနဲ့ အဖြူရောင် ပုဆိုးလေးကို လိုက်ဖက်စွာ ဝတ်ဆင်လာပြီး ပွဲတက်လာခဲ့တာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် နေတိုးရဲ့ "အထက်တန်းစား" ပွဲတက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ "အထက်တန်းစား" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ညီထွဋ်ခေါင်၊...

အခုအချိန်အထိ စတွေ့စတုန်းကလို ဂရုစိုက်ချစ်ပေးတဲ့ ခင်ပွန်းအကြောင်း ကြည်နူးစွာပြောလာတဲ့ သဉ္ဇာနွယ်ဝင်း

မျက်နှာချိုပြီး စကားပြောရင် အသံဝဲဝဲလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ချစ်ရတဲ့ခင်ပွန်းရယ် ချစ်စရာ သားသားလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ အိမ်ထောင်ရေးကံကောင်းတယ်ဆိုတာထက်ကို ပိုတဲ့ သဉ္ဇာနွယ်ဝင်းကတော့ လတ်တလောမှာ စတွေ့စကလို အခုအချိန်အထိ ဂရုစိုက်ချစ်ပေးတဲ့ ခင်ပွန်းဖြစ်သူအကြောင်း လူမှုကွန်ယက်မှာ ကြည်နူးစွာ ရင်ဖွင့်လာတာ တွေ့ရပါတယ်။ သူမကို ကလေးတစ်ယောက်လို ဂရုစိုက်ပြီး ချစ်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ တကယ့်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ဦးပါပဲနော်။ ချစ်ပရိသတ်တွေအတွက် တွေ့စကအတိုင်း မပြောင်းလဲပဲ ဂရုစိုက်တတ်တဲ့ ခင်ပွန်းကြောင့် ကြည်နူးနေရတဲ့ သဉ္ဇာနွယ်ဝင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သဉ္ဖာနွယ်ဝင်းကတော့ "အခုအချိန်အထိ စတွေ့ကလိုဂရုစိုက်ချစ်ပေးတဲ့ ချစ်ယောကျာ်း 😘😘😘" ချစ်တတ်လွန်းတဲ့ ခင်ပွန်းကြောင့် ပျော်ရွှင်နေရတဲ့ သူမရဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သဉ္ဇာနွယ်ဝင်းကတော့ မကြာခဏဆိုသလို သာယာပျော်ရွှင်တဲ့ သူမရဲ့အိမ်ထောင်ရေးအကြောင်း ဝေမျှပေးလေ့ရှိပြီး ပိုက်ဆံချမ်းသာဖို့ထက် နွေးထွေးတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုလိုချင်တယ်လို့လည်း...

ကိုရီးယားမင်းသားလေး Ryu Sang-Wook နဲ့ ရင်းနှီးမှုတွေ တိုးနေပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးလေး ဝတ်မှုံရွှေရည်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကြီး နှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိထားသူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကြော်ငြာတွေ အများဆုံး ရိုက်ကူးရတဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအထိ ထိုးဖောက်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။   လက်ရှိမှာလည်း ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဇင်ယော်မောင်မောင် ရိုက်ကူးပုံဖော်တဲ့ "တိမ်တွေပေါ်ကပန်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုရီးယားမင်းသား Ryu Sang- Wook၊ ကျော်ထက်အောင်၊ မေသန်းနုတို့နဲ့ အတူတူ ပါဝင် သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တစ်လနီးပါး ရုပ်ရှင်အတူတူ ရိုက်ကူးခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ကိုရီးယားမင်းသား Ryu Sang- Wook တို့က ရင်းရင်းနှီးနှီး ဖြစ်နေပြီး တကယ့် သူငယ်ချင်းတွေလို တွေ့ရပါတယ်။ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်နဲ့ Ryu Sang- Wook တို့ရဲ့ ဗီဒီယိုလေးကို...

ကင်ဆာ အဆင့်၎ ကိုခံစားနေရတဲ့အပြင် ညာဘက်ဦးခွံမှာ ထပ်ပေါ်လာတဲ့ကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတဲ့ မီးမီးခဲ

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ပရိသတ်ကြီးအတွက် ကင်ဆာရောဂါဝေဒနာ ကို ခံစားနေရတဲ့ မီးမီးခဲ က သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။ "ဒီနေ့ဟာ ကျေးဇူးတော် ချီးမွမ်းမိတဲ့နေ့ပါ...

“ကျနော်က အပြင်မှာ မိန်းကလေးတွေကို တန်ဖိုးထားတယ်”လို့ ပြောတဲ့ သရုပ်ဆောင် စည်သူဝင်း

ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် စည်သူဝင်းကတော့ မကြာခင် ပြသမယ့် “နှင်းဆီ” ဇာတ်လမ်းတွဲမှာ မိန်းကလေးတွေကို တန်ဖိုးမထားတဲ့သူ နေရာကနေ သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေ မမုန်းစေချင်ဘူးလို့ ဆိုပါတယ်။ “ကျနော် အနုပညာအလုပ်တွေ ပိသွားတော့ ပင်ပန်းသွားတာနဲ့ နားနေတာ။ Facebook ပေါ် ပုံမတင်ဖြစ်တာပါ။ အလုပ်တွေတော့ လုပ်နေပါတယ်။ ကျနော် ဇာတ်ကား ၂ ကားအတွက်လည်း Casting ဝင်ဖို့ ရှိပါတယ်။ နှင်းဆီမှာ ပါဝင်ဖြစ်တာက နှင်းဆီဇာတ်ကား ပထမ မင်းသားက ကျန်းမာရေး အခြေအနေကြောင့် ဆက်လက် ရိုက်ကူးလို့ မရတော့ဘူး။ ဒီကာရိုက်တာနဲ့ အလိုက်ဖက်ဆုံးက ဘယ်သူဖြစ်မလဲ ဆွေးနွေးကြတယ်၊ ကျနော့်ကို ဆက်သွယ်လာတယ်။ ကျနော်က မရိုက်ကူးနိုင်စရာ အကြောင်း မရှိဘူးလေ” “ဆရာမကြီး မစန္ဒာရဲ့ ဝတ္ထုကို ရိုက်ချင်တာနဲ့ လက်ခံဖြစ်တယ်။ အများကြီးတော့...

မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိလှတဲ့ မိုးမြင့်သဇင်ရဲ့ရိုးရှင်းတဲ့ အလှတရား

ကြည်လင်တဲ့ မဟာဆန်ဆန်အလှတရားကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာမော်ဒယ် မင်းသမီးချောလေး မိုးမြင့်သဇင်ကတော့ ထူးခြားလွန်းတဲ့ ကောက်ကြောင်းအလှနဲ့ အနုပညာမှာ ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ လတ်တလောမှာတော့ မိုးမြင့်သဇင်က မြန်မာဝတ်စုံလေးနဲ့ အေးချမ်းစွာ ဘုရားဖူးနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ လှချင်တိုင်းလှနေတဲ့ မိုးမြင့်သဇင်ရဲ့ပုံရိပ်တွေကတော့ မြင်ရတဲ့ ပရိသတ်တွေကိုပါ အေးချမ်းမှုတွေ ကူးစက်စေပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် သေချာကြည့်လေ ချစ်ဖို့ကောင်းလေဖြစ်တဲ့ ချစ်စရာမင်းသမီးချောလေး မိုးမြင့်သဇင်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မိုးမြင့်သဇင်ကတော့ "အချစ်တွေ လျော့နေတယ် နော် ❤️❤️❤️ ချီချီ" ဆိုပြီး သူမကို အချစ်မလျှော့ကြဖို့ ချစ်စဖွယ်လေး ရေးသားထားတာပါ။ မော်ဒယ်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ မိုးမြင့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်တာမို့ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ တကယ့်ကို လှပသော မိန်းမပျိုလေးပါပဲနော်... မိုးမြင့်သဇင်ကတော့ လူမှုကွန်ယက်မှာ နာမည်ကြီးတဲ့ အလန်းစားမော်ဒယ်မလေး နွယ်နွယ်ထွန်းနဲ့လည်း ညီအမအရင်းတွေလို့ သိရပါတယ်နော်။ ခရီးသွားရတာကို...

ရွှေတိဂုံစေတီမှာ မြန်မာပြည်ကြီး အေးချမ်းဖို့ ဆုတောင်းပေးခဲ့တဲ့ စမိုင်းလ်

အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ မနေ့က သြဂုတ်လ(၁၅) ရက်နေ့ ဥပုသ်နေ့မှာတော့ စမိုင်းလ်တို့ မိသားစုတွေက ရွှေတိဂုံစေတီကို အတူတကွ သွားရောက်ဖူးမြှော်ခဲ့ကြတယ်လို့ သိရပါတယ်။ စမိုင်းလ်က ရွှေတိဂုံဘုရားမှာ "ဥပုသ်နေ့ဘုရားဝတ်ပြုဆုတောင်း .. မြန်မာပြည်ကြီးအေးချမ်းပါစေ 🙏🏼လူအချင်းချင်းသတ်ဖြတ်ချင်းကင်းဝေးကြပါစေ🙏🏼 အန္တရာယ်ဆိုးများကျရောက်ချင်းကင်းဝေးကြပါစေ 🙏🏼" ဆိုပြီး ဆုတောင်းခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက ဘာသာရေးကို အထူးလိုက်စားပြီး ကုသိုလ်ကောင်းမှုတွေကို လက်နဲ့မပြတ် အမြဲတမ်း လှူဒါန်းလေ့ရှိတဲ့ စိတ်ထားကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားတာ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သူမ ချစ်တဲ့ မြန်မာပြည်ကြီး အေးချမ်းဖို့အတွက် ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။မှလည်း မြန်မာပြည်ကြီး အေးချမ်းသာယာပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျန်းမာရေးအခြေအနေကြောင့် မနေ့ညက အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ မအေးသောင်း

နှစ်တွေအကြာကြီးနေမှ အနုပညာလောကထဲကို အရှိန်နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ မအေးသောင်းကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေ ပိုပိုတိုးလာသူလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ မအေးသောင်းက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မအေးသောင်းကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမကို အရမ်းစိတ်ပူနေကြတာပါ။ ချစ်ပရိသတ်တွေအတွက် မနေ့ညက အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ မအေးသောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ မအေးသောင်းကတော့ "ဒီတညတော့" ဆိုပြီး အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ လက်ထဲမှာလည်း ဆေးပိုက်တွေအများကြီးပဲ မအေးသောင်းရယ် မအေးသောင်းကိုတော့ အာယု ဆေးရုံကြီးမှာ တင်ထားတယ်လို့လည်း သိရပါတယ်နော်။ ချစ်ပရိသတ်တွေလည်း မအေးသောင်းတစ်ယောက် ကျန်းမာရေးအမြန်ကောင်းဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ပြုတ်ကျသွားလို့ တံတားအောက် ခုန်ချပြီး ဆင်းဆယ်တဲ့ အမျိုးသား

တစ်ခါတစ်လေမှာ တချို့သော အရာတွေက ကျွန်တော်တို့အတွက် ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။ တန်းဖိုးအားဖြင့် သေးသေးကြီးကြီး ကိုယ်တန်းဖိုးထားတဲ့ ပေါ်မှာပဲ မူတည်ပါတယ်။ အခုလည်း အသက် ၄၁နှစ်အရွယ်ရှိတဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူ့ဇနီး မသေခင်က ပေးသွားတဲ့ပစ္စည်းတစ်ခုကို ဆုံးရှုံးရမှာဆိုးလို့ အသက်အန္တရာယ်ရင်းပြီး ရအောင်ပြန်ယူခဲ့ပါတယ်။ သူဟာ ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ရေထဲပြုတ်ကျသွားလို့ တံတားပေါ်ကနေ ခုန်ချပြီး ရွံ့နွှံတွေထဲကနေ ရအောင် ပြန်ဆယ်ယူခဲ့နိုင်ပါတယ်။ facebook မှာ ဖော်ပြထားတဲ့ သူတစ်ယောက်ရဲ့ ပြောပြချက်အရ သူဟာ တံတားကို ဖြတ်ပြီး လမ်းလျှောက်လာစဉ်မှာပဲမတော်တဆ သူ့ရဲ့ ပေဗူးလေး တံတားအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ပေဗူးတစ်ဗူးရဲ့ တန်ဖိုးဟာ ဘယ်လောက်မှ မရှိပေမဲ့ သူအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုလို့ ထင်ဟန်တူပါတယ်။ အဲ့ဒါကြောင့် ဘာမှ မစဉ်းစားတော့ပဲ ရေထဲ ခုန်ချပြီး ဒီပေဗူးလေးကို မရမက...

၅ထောင်တန်တွေ စည်းထားတဲ့ ပန်းစည်း လက်ဆောင်ရခဲ့တဲ့ ရွှေပိုးအိမ်

အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပရိသတ်တွေနဲ့လဲ အဆင်အသွယ်မပျက်ရှိလှတဲ့ ရွှေပိုးအိမ်ဟာ ယနေ့မှာတော့ သူမရဲ့ အသက် (၂၇)နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ သူဟာ၂၇နှစ်ပြည့် မွေးနေ့အတွက် မွန်မြတ်တဲ့ အလှူတွေကို ပြုခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ခံရမို့ ပရိသတ်တွေကလုပ်ပေးတဲ့ မွေးနေ့ပွဲလေးကိုလဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူကမွေးနေ့ မတင်ခင် ပြုလုပ်ခဲ့တဲ့ အလှူတွေအကြောင်းကိုလဲ ပြောပြခဲ့ပါသေးတယ်။ ရွှေပိုးအိမ်ဟာ မွေးနေ့ အလှူအဖြစ် ရေဘေးသင့်ပြည်သူတွေအတွက် We Love တွေကိုယ်စား ငွေကျပ်၃သိန်းကို လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီနောက် အရှင် ဝိသုဒ္ဓ ၊ မေတ္တာမွန်ပရဟိတကျောင်း-လှည်းကူး မှာ We love Shwe Poe Eain မောင်နှမများက အလှူငွေ ၃သိန်းလှူဒါန်းပြီး ကလေးတွေနဲ့ မွေးနေ့ကိတ်ခွဲခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်အစည်းအရုံးမှာလဲ မွေးနေ့အလှူအဖြစ် ယနေ့ နံနက် ၉ နာရီက အမေများအဖွဲ့ကို ဆန်(၆)အိတ်နှင့် အလှူငွေ(၁)သိန်း၊မမများအဖွဲ့ကို ဆန်(၆)အိတ်နှင့်...
57,034FansLike