Home Blog Page 3

ကိုယ့်အချစ်ရေးကိုဘယ်သူတွေလာဝေဖန်ဝေဖန်ဂရုကိုစိုက်မှာမဟုတ်ဘူးဆိုတဲ့ချမ်းချမ်း

ချမ်းချမ်းကတော့ သူမကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူနဲ့ အချစ်ရေးမှာ စိတ်ချမ်းသာမှုရှိနေပါတယ်တဲ့။ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်လို့ ဝေဖန်တိုက်ခိုက်လာတဲ့အရာတွေကိုလည်း ဂရုမစိုက်တတ်တော့ဘူးလို့ဆိုပါတယ်။ အဆိုတော်ချမ်းချမ်းက လက်ရှိမှာ အရမ်းကို သာယာတဲ့ အချစ်ရေးလေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ချစ်သူကတော့ နိုင်ငံခြားသားဖြစ်တဲ့အတွက် ဝေဖန်ပြောဆိုကြတဲ့သူတွေလည်းရှိပါတယ်။ ဒီအပေါ်မှာတော့ ချမ်းချမ်းက ရှက်စရာမဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။‘’အစ်မကလေ ဂရုမစိုက်တတ်ဘူး။ ဖောက်ပြန်နေတာလည်း မဟုတ်ဘူး။ စိတ်လည်းလုံတယ်။ ဖောက်ပြန်နေတာဆိုရင် ဒါတွေချပြနေစရာအကြောင်းမရှိဘူးလေ။ အစ်မဘာသာ တိတ်တိတ်လေးတွဲနေမှာပေါ့။ အစ်မတွဲတဲ့လူတစ်ယောက်က ဂုဏ်သိက္ခာရှိတယ်၊ သာမာန် ပရွတ်ရွှတ်တသမားလည်း မဟုတ်ဘူး။ ဂုဏ်မရှိတဲ့အတန်းကလာတာလည်းမဟုတ်ဘူး။ သူလည်း သူ့နေရာတစ်ခုနဲ့ အစ်မကိုလာပြီးတော့ ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ရှက်စရာလို့ မမြင်ဘူး’’ လို့ သူကဆိုပါတယ်။ သူမရဲ့ Personal အကြောင်းအရာတွေကို ဝေဖန်လာမှုတွေကိုလည်း ဂရုစိုက်တတ်သူ မဟုတ်ဘူးလို့ဆိုပါတယ်။ ကိုယ့်ရဲ့ မိသားစုအကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အကြောင်းကို ဘယ်သူမှ...

ခန့်စည်သူ နဲ့ ဦးနဲ့သမီးဆက်ဆံရေးကိုပွင့်ပွင့်လင်းလင်းပြောလာတဲ့ယဉ်လတ်

နယ်ပရိသတ်တွေကြားမှာ ဖိုက်တင်မင်းသမီး အဖြစ် နာမည်ကြီး ခဲ့တဲ့ သရုပ်ဆောင် ယဉ်လတ်က သူနဲ့ ခန့်စည်သူနဲ့ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေကို ဖြေရှင်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို မွေးထုတ် တင်မြှောက် ပေးခဲ့တဲ့ မျက်ချယ် ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်လမ်း တစ်ခုမှ သရုပ်ဆောင်ထား တဲ့ “ လူပျိုကြီး ပန်းမွှေး အပျိုလေး စွာတေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ အထင်လွဲစေမယ့် ခေါင်းစဉ်တွေကြောင့် ခုလိုသတင်းတွေ ဖြစ်ခဲ့တယ်လို့ ဆိုပြီး လဲပြောခဲ့ပါသေးတယ်။ သူပြောခဲ့တာကတော့ '' page တစ်ခုကနေ ခန့်စည်သူနဲ့ ယဉ်လတ်တို့ကို တွဲပြီးတင်လိုက်တဲ့အပေါ်မှာကတော့ အဲ့ဒါက ဇာတ်ကားတစ်ခုအကြောင်းကိုရေးထားတာပါ။ ခေါင်းစဉ်တက်လိုက်တဲ့နေရာမှာ ပရိသတ်တွေကြည့်လိုက်တာနဲ့ အထင်လွှဲသွားစေမဲ့ပုံစံမျိုး ခေါင်းစဉ်မျိုးဖြစ်နေတာပါ တကယ်တန်းတော့ အဲ့ဒါကဗီဒီယို ရုပ်ရှင်ဇာတ်ကားပါ ဦးနဲ့သမီးရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဦးနဲ့သမီးရဲ့ အချစ်ဇာတ်လမ်း လေးကို ဟာသ...

အာဆီယံအမျိုးသမီး အုပ်စုဗိုလ်လုပွဲ မြန်မာနှင့် ဗီယက်နမ် သြဂုတ် ၂၀ ရက်တွင်နွဲမည်

အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စု(ခ)နောက်ဆုံးပွဲစဉ်များကို သြဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ရာ အုပ်စုဗိုလ်အဆုံး အဖြတ်ပွဲစဉ်အဖြစ် မြန်မာနှင့်ဗီယက်နမ် အသင်းတို့သည် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ရေးအတွက် မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းသည်အုပ်စု ဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ရန် လိုအပ် လျက်ရှိပြီး ဆီမီးဖိုင်နယ်၌ တစ်ဖက်မှ အုပ်စု ဗိုလ်ဖြင့်တက်လာရန် အလားအလာများနေ သည့် ထိုင်းအသင်းကိုရှောင်ရှားရမည်ဖြစ် သည်။ အုပ်စု(က)ပွဲစဉ်များမှာ သြဂုတ် ၂၃ ရက်မှ ပြီးဆုံးမည်ဖြစ်ပြီး ထိုင်းအသင်းမှာ သြဂုတ် ၁၉ ရက်နေ့ပွဲစဉ်များအပြီး ရမှတ် ၆ မှတ်ရရှိထားသည်။ “ကျွန်တော်တို့အသင်းက ဖိုင်နယ်အထိ တက်ဖို့ ရည်မှန်းထားပါတယ်။ ဖိုင်နယ်အထိ တက်ဖို့ဆိုရင် တစ်ဖက်အုပ်စုက အုပ်စုဗိုလ်နဲ့ တက်လာဖို့များတဲ့ ထိုင်းအသင်းကို ဆီမီးဖိုင် နယ်မှာရှောင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့ ကစားမယ့် အုပ်စုဗိုလ်နေရာလုပွဲမှာ ဗီယက် နမ်အသင်းကို အနိုင်ကစားဖို့လိုအပ်ပါတယ်။အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်တက်ဖို့...

ပုရိသ​တွေ ရင်​ခုန်​သံမြန်​သွား​စေမယ့်​ အမိုက်​စားပုံရိပ်​​တွေကို ချပြလိုက်​တဲ့ ပတ်​ထရစ်​ရှာ

အသက်ငယ်ငယ်လေးကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ ချစ်စရာမင်းသမီးလေး ပတ်ထရစ်ရှာကတော့ လက်ရှိမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ဦး ဖြစ်နေပါပြီ။ ဘိုဆန်ဆန်ချောတဲ့ သူမကိုတော့ မိန်းကလေးပရိသတ်တွေရော ယောက်ျားလေးပရိသတ်တွေကပါ သဲသဲလှုပ် ချစ်ခင်အားပေးကြတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ ပတ်ထရစ်ရှာက ရူးခါနေအောင်လှတဲ့ သူမရဲ့ညို့အားပြင်းပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပတ်ထရစ်ရှာရဲ့ အမိုက်စားပုံရိပ်တွေကတော့ သေချာကြည့်မိလေ ရင်ခုန်စရာကောင်းလေပါပဲနော်။ ချစ်ပရိသတ်တွေအတွက် ရိုးရိုးလေးဝတ်ထားတာတောင် ညို့အားပြင်းလွန်းတဲ့ ပတ်ထရစ်ရှာရဲ့ အလန်းစားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပတ်ထရစ်ရှာကတော့ “Wearing a lime green top my mom used to wear in her late 20s 💚” ဆိုပြီး သူမရဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ဘ်ယလိုတွေတောင် ဂေါ်နေတာလဲ ရှာရှာရယ်…။ အလန်းစား မင်းသမီးလေး ပတ်ထရစ်ရှာကတော့ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝ်သရုပ်ဆောင်ထားရပြီး၊...

“ကျွန်တော်သိပ်ရှက်တယ် အဓိပ္ပါယ်မရှိလိုက်တာ” ဆိုပြီး သူ့ရဲ့အကြောင်းပြောလာတဲ့ တိုင်ရွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ တိုင်ရွန်က ရုပ်ရည် ချောမောပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ပရိသတ်ကြီးအတွက် တိုင်ရွန် က သူ့ရဲ့ ပရိသတ်တွေ ကို ကျီစယ်ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ တိုင်ရွန်က လက်ရှိမှာ "ငါတို့သည်" ရုပ်ရှင်ဇာတ်ကားကို အလင်းရောင် ၊ ထွန်းကိုကို၊ ခါရာ ၊ သိန်းလင်းစိုး၊နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ် တို့နဲ့ အတူ သရုပ်ဆောင်ထားတာပါ။ တိုင်ရွန်ပါဝင်ရုပ်ဆောင် ထားတဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ ဒီတစ်ခါမှာတော့ တိုင်ရွန်က သူ့ရဲ့ ပရိသတ်တွေကိုစနေကြပုံစံလေးအတိုင်း ထပ်မံစနောက်ထားပြီး ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။ တိုင်ရွန်က " ဒီလောက်...

မအိုဆေးစားထားသလိုပျိုမြစ်နုနယ်တဲ့အလှတရားနဲ့အကယ်ဒမီထက်ထက်မိုးဦး

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတိုင်းမှာ သူမနေရာယူခဲ့ပြီး ၊ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ကြီးခဲ့သူပါ။ သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် လည်း သူမကို ချစ်တဲ့ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦး ရဲ့အလှပုံရိပ်ကလေး ကို ဖော်ပြပေးလိုက်ပါတယ်နော်။ ထက်ထက်မိုးဦးက နှစ်အတော်ကြာဇာတ်ကားတွေ လက်ခံရိုက်ကူးမှုမရှိခဲ့သလို ပရိသတ်တွေနဲ့ ကင်းကွာနေခဲ့ရာမှ ခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲတက်များမှာ တွေ့ရတတ်ပါတယ်။ ထက်ထက်မိုးဦး က အနုပညာအလုပ်တွေ ကို ပြန်လည်လုပ်တော့မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများနဲ့ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ ဇာတ်လမ်းတွဲများပြန်ရိုက်ဖို့လုပ်နေသလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း ရွှေထူးအစ်မနေရာက သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ ထက်ထက်မိုးဦး က ထိပ်တန်းရွှေဘုရင် စိန်ရွှေရတနာဆိုင် ဖွင့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ပန်းဆီရောင် Dress လေးနဲ့ မှုန်နေအောင် လှနေတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး က အရင်ကလို...

လူမှားလောက်အောင်အမိုက်စားအပြင်အဆင်နဲ့ တွေ့မြင်ရတဲ့ မေတိုးခိုင်

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က အဒေါဖြစ်သူရဲ့ အနုပညာခြေရာကို အပြည့်အဝ နင်းနိုင်သူတစ်ဦးပါ။ မေတိုးခိုင်က လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက် ခံထားရသူလေး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မေတိုးခိုင်က သူမရဲ့ အမြင်ဆန်းဆန်းနဲ့ အမိုက်စား ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေတိုးခိုင်က "Sweet but psycho 🤪 အမြင်မတူတာ လေးတွေ အမျိုးမျိုးလုပ်ရိုက်ချင်သူ ကျွန်မပါ.😂 စိတ်ကတော့အပြောင်းအလဲမမြန်ပါဘူးနော် 😛 အမြင်လေးတွေတော့ပြောင်းပါရစေ. ရိုးသွားကြမှာဆိုးလို့ ♥️" ဆိုပြီး ပြောထားပါတယ်။ မေတိုးခိုင်က နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူတူ "ရူးအောင်ချစ်မယ့်သူ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာလည်း ကြော်ငြာတွေ လက်မလည်အောင် ရိုက်ကူးပေးနေရတာပဲ ဖြစ်ပါတယ်။ မေတိုးခိုင်ရဲ့ စတိုင်လ်ဒီဇိုင်းကတော့ လုံးဝကို အမိုက်စားပဲနော်။ ပရိသတ်ကြီးလည်း...

မရှိတဲ့ကြားကနေ ရေဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်အသစ်စက်စက်တွေ လှူဒါန်းလိုက်တဲ့ ဦးမန်းဝင်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင်ကတော့ ဝါရင့်ဟာသသရုပ်ဆောင်အဖြစ် ပရိသတ်တွေထဲ နေရာယူထားသူကတော့ လူရွှင်တော် မန်းဝင်းပဲ ဖြစ်ပါတယ်နော်..။ဟာသဇာတ်ရုပ်တွေနဲ့ ရယ်စရာ ပြက်လုံးတွေကို မရိုးနိုင်အောင် တင်ဆက်ပြသခဲ့ပြီး အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောဖျော်ဖြေခဲ့တဲ့ ဦးမန်းဝင်းကတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ မျက်လုံးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။ ဦးမန်းဝင်းကတော့ အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး အဝတ်အထည် အသစ်စက်စက်တွေကို လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်နော်..။မွန်ပြည်နယ် ရေဘးသင့်ပြည်သူ ပရိသတ်တွေအတွက် ကလေးဝတ်နဲ့ အမျိုးသမီးဝတ် အဝတ်အထည်တွေ အသစ်စက်စက် (၉၉)စုံတို့ကို မြန်မာနိုင်ငံလူရွှင်တော်အသင်းနဲ့အတူလှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။ “လူရွှင်တော်အသင်း၏ ကန်တော့ခံနာယကကြီး ရုပ်ရှင်နှင့်ဗီဒီယို ဟာသရုပ်ဆောင် ဦးမန်းဝင်း မိသားစုမှ မွန်ပြည်နယ် ရေဘေးသင့် ကျေးဇူးရှင်မိဘပြည်သူ ပရိတ်သတ်များအတွက် ကလေးဝတ် မ/ဝတ် အထည်အသစ်စက်စက် 99 စုံနှင့်အဝတ်အထည်တစ်ထုတ်အား မြန်မာနိုင်ငံလူရွှင်တော်များ...

ကားကြုံလိုက်လာသော ကျောင်းသား/သူ (၃) ဦးကို မဖွယ်မရာပြုလုပ်ပြသည့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ

ကျောင်းတက်ရန် ကျွဲပွဲမြို့မှ လမ်းကြုံလိုက်လာ သောကျောင်းသူ(၂)ဦးနှင့်ကျောင်းသားတစ်ဦးကို(၂၂)ဘီးမောင်းယာဉ်မောင်းမှ ကားပေါ်တွင် မဖွယ်မရာပြုလုပ်ပြသဖြင့် အုတ်တွင်း(မြို့မ) ရဲစခန်းတွင်း ဖမ်းဆီးအရေးယူထားကြောင်းသိရ သည်။ လမ်းကြုံလိုက်လာသည့် အသက် (၁၄) နှစ်အရွယ် ကိုးတန်းကျောင်းသူ (၂) ဦးနှင့် အသက် (၁၂) အရွယ် ခုနှစ်တန်းကျောင်းသား (၁) ဦးတို့ကို ကားပေါ်တွင် ယာဉ်မောင်းဖြစ်သူမှပုဆိုးလှန်ကာ မိမိတန်ဆာအား လက်ဖြင့်ကိုင်ပြခဲ့သည့်အတွက်အရေးယူဖမ်းဆီးထားကြောင်း၊ ကျွဲပွဲမြို့ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုမှ အဆိုပါကျောင်းသူ/သားများမှာ အ.ထ.က (အုတ်တွင်း) သို့ ကျောင်းတက်ရန်အတွက် နေ့စဉ် လမ်းကြုံကားများတားစီးပြီးကျောင်းသို့ သွားရောက်ရသည်။ သြဂုတ်လ (၁၉) ရက်နေ့ မနက် ရးဝဝ နာရီအချိန်ခန့်ကရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝင်းမော်(၂၄) ဂျပန်လမ်း ၊အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော YGN-1L/6 – – – beiben truck ဖြူ/နီကျား (၂၂) ဘီး နောက်တွဲယာဉ်ခေါင်းခန်းမှ လမ်းကြုံ လိုက်လာခဲ့ကြသည်။...

နှစ်စဉ်ကျောင်းမှာ ပထမဆုခဏခဏချိတ်လို့ မိဘဆရာတွေက အချစ်ပိုခဲ့ရတဲ့ သမီးလေး နှင်းရတီထွန်း

လက်ရှိ Novel ပုဂ္ဂလိကကျောင်းမှာ ၇တန်းတက်နေပြီး ပြီးခဲ့တဲ့ စနေနေ့အထိ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ကျောင်းတက်ဆော့ကစားနိုင်ခဲ့တဲ့ သမီးလေး … ၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီစပြီး ပျော်ရွှင်စရာကောင်းတဲ့သူ့ဘဝလေးထဲ ဂြိုလ်ဆိုးစဝင်ခဲ့တယ်လို့ဘဲဆို ပါ ရစေ တော့ ဖြစ်စဉ်ကဒီလို သမီးလေးရဲ့ရင်သားမှာ အကြိတ်လေးတွေ့လို့ မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုမှာ၁၁.၈.၂၀၁၉ နေ့မှာ သွားပြဖြစ်တယ် ၁၂.၈.၂၀၁၉ နေ့ အသားစထုတ်ပြီး စစ်ဆေးခဲ့တယ် ကင်ဆာအကြိတ်မဟုတ်ပေမယ့်ရောဂါတစ်မျိုးလို့ ခေါင်းစဉ်တပ်ပြီး ၁၈.၈.၂၀၁၉ မှာ ခွဲစိတ်ဖို့ ဒိတ်ပေးခဲ့တယ် ၁၇.၈.၂၀၁၉ စနေနေ့အထိ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားနိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ ၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ခွဲခန်းစဝင်ခဲ့ပါတယ် ၇နာရီခွဲလောက်မှာ ကလေးဆီက ခွဲထုတ်ခဲ့တဲ့ အကြိတ်လေးကို မိဘတွေဆီ ယူလာပြီး ပြသကာ ကလေးအခြေအနေ ကောင်းပါတယ်လို့ ပြောပါတယ် …....
57,034FansLike