စူပါကွန်ပျူတာခန့်မှန်းလိုက်တဲ့ ပရီးမီးယားလိဂ်ရပ်တည်မှု

လာမဲ့ ဇွန်လ ၁၇ ရက်နေ့မှာဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို မန်စီးတီး vs အာဆင်နယ် ပွဲကျန်နဲ့ စတင်ဖွင့်လှစ် ကစားသွားတော့မှာ ဖြစ်ပါတယ် ။ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မတ်လ ကတည်းကနေ ရပ်နားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လာတော့မှာမို့ အားလုံးက စိတ်လှုပ်ရှားပြီး အားပေးဖို့ အသင့်ရှိနေကြမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး ။ ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့်အရတော့ လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ် ဆုဖလားအတွက် သေချာနေခဲ့သလို မန်စီးတီး နဲ့ လက်စတာစီးတီး အသင်းတို့ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေအကောင်းဆုံး ဖြစ်နေခဲ့ကြပါတယ် ။ ဒါပေမဲ့ မန်စီးတီး အသင်းရဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့် ၂ နှစ် ပိတ်ပင်ခံရမှုကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တစ်နေရာ ပိုလာဖွယ်ရှိတာကြောင့် အဆင့် ၄ နဲ့ ၅ ရတဲ့ နှစ်သင်းဟာ ချန်ပီယံပြိုင်ပွဲကို ဝင်ရောက်နိုင်ခွင့် ရှိနေခဲ့ပါတယ် ။

လက်ရှိ ရပ်တည်မှု အရ အဆင့် ၄ ကို မျှော်လင့်နိုင်ခွင့်အရှိဆုံးက ချဲဆီး အသင်းဖြစ်ပြီး အဆင့် ၅ နေရာက အသင်း( မန်ယူ) ထက် ၃ မှတ် အသာရနေခဲ့ပါတယ် ။

Loading...

ဝုဗ် ၊ ရှက်ဖီး ၊ စပါး နဲ့ အာဆင်နယ် တို့ အဆင့်လိုက်ရပ်တည်နေပြီး အသင်းတွေကြား ကွာဟချက်က သိပ်မများတဲ့အတွက် သင်္ချာနည်းအရ ပြောရရင် အဆင့် ၄ ကနေ ၉ အတွင်း ရှိတဲ့ အသင်းတိုင်း ချန်ပီယံလိဂ် အတွက် မျှော်လင့်ခွင့်ရှိနေခဲ့ပါတယ် ။

အသင်းတိုင်းနီးပါး လက်ကျန် ၁၀ ပွဲစီခန့် ကစားဖို့ ကျန်နေခဲ့ရာမှာတော့ စူပါကွန်ပျူတာက ရာသီကုန်ချိန်မှာ ဖြစ်လာနိုင်ချေရှိတဲ့ အမှတ်ပေးဇယားရပ်တည်မှုနဲ့ ရလဒ်တွေကို တွက်ချက်ပေးလိုက်ပါတယ် ။ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို လီဗာပူးလ် အသင်းက ရရှိသွားမှာ ဖြစ်ပေမဲ့ ရမှတ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က မန်စီးတီး ရဲ့ စံချိန်တင်ရမှတ် ၁၀၀ ကို မမီပဲ ၉၉ မှတ်သာ ရမယ်လို့ ဆိုပါတယ် ။ အဆင့် ၂ နဲ့ ၃ ကိုလည်း မန်စီးတီး နဲ့ လက်စတာ တို့ပဲ သိမ်းပိုက်နိုင်မယ်လို့ ခန့်မှန်းလိုက်ပြီး အဆင့် ၄ ကိုလည်း ချဲဆီး အသင်းကိုသာ ပေးအပ်ထားခဲ့ပါတယ် ။ အဆင့် ၅ နေရာအတွက် ခန့်မှန်းချက်မှာတော့ အများထင်သလို မဟုတ်ခဲ့ပဲ ရှက်ဖီးယူနိုက်တက် က ရယူသွားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး နာမည်ကြီး မန်ယူ နဲ့ အာဆင်နယ် တို့က အဆင့် ၆ နဲ့ ၇ နေရာကိုသာ ရယူနိုင်မယ်လို့ ဆိုလိုက်ပါတယ် ။ ဝုဗ် အဆင့် ၈ ၊ စပါး အဆင့် ၉ နဲ့ ခရစ်စတယ်ပဲလေ့စ် အဆင့် ၁၀ ဖြစ်ပြီး တန်းဆင်းဇုံ အတွက်တော့ ဝက်စ်ဟမ်း က အမှတ်တူ နဲ့ ကျန်နေခဲ့မှာ ဖြစ်ပြီး အက်စတွန်ဗီလာ ၊ နော်ဝှစ်နဲ့ ဝက်ဖို့ဒ် တို့ တန်းဆင်းရလိမ့်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းပေးသွားလိုက်တာ ဖြစ်ပါတယ် ။

စူပါကွန်ပျူတာ ရဲ့ ခန့်မှန်းချက်အပေါ်မှာတော့ ဘယ်လိုများသုံးသပ် ယူဆမိလဲဗျ…..

#Yangon_Sports